မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်

မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 22, 2025
image_latest


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ၁၄ ရက် ကပ်ထားကြေညာခဲ့ပြီး ဖြစ်ပါသည်။ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမည်ဖြစ်ပါသည်။

၂။       ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များအတွက် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ ၂၅-၁၂-၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် လည်းကောင်း၊ ၂၆ - ၁၂ - ၂၀၂၅ ရက်နေ့မှ ရွေးကောက်ပွဲကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့ မဲပေးခြင်းပြီးဆုံးသည့် အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း ကပ်ထားကြေညာမည်ဖြစ်ပါသည်။

၃။      ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်မှအပ ကျန်မြို့နယ်များ [ ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ကြေညာထားသည့် ( ၅၆ ) မြို့နယ်မပါ ] တွင် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ ၅ - ၁ - ၂၀၂၆ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်း စိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာရောက်ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Dec 22, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 21, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Posted on Dec 20, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Posted on Dec 19, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Dec 18, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 17, 2025
HOT NEWS
January 4,