မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 04, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ် သမားဆိုင်ရာ အခြေခံဗဟုသုတများ ပြန့်ပွားစေရန် ရည်မှန်းချက် (၆)ရပ်၊ ကာလရှည် (၁၅) နှစ် စီမံကိန်းကို ကာလတို (၅) နှစ် စီမံကိန်းသုံးကြိမ်ဖြင့် ဆောင်ရွက် လျက်ရှိရာ ဒုတိယ (၅) နှစ်တာကာလ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နှစ်စဉ် ဇွန် ၁၂ ရက်တွင် ကျရောက်သည့် “ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့” အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြေစိုက်ပိုစတာနှင့် Billboard စိုက်ထူခြင်း၊ အသိပညာပေး ဆွေးနွေးခြင်း၊ Talk Show ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။

လုပ်ငန်းကော်မတီအလိုက် အညွှန်းကိန်းရလဒ်များရရှိအောင် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကော်မတီအလိုက် ပါဝင်ဖွဲ့စည်းထားသည့် အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ (၈) ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်၊ အားသာချက်၊ အားနည်းချက်၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ အမျိုးသားကော်မတီမှ ဆောင်ရွက်ပေးရမည့်အချက်များကို ဆွေးနွေးတင်ပြရန်နှင့် အမျိုးသားကော်မတီ အဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြအတည်ပြုချက်ရယူမည့်ကိစ္စရပ်များကို အလေးထားဆွေးနွေးတင်ပြရန် မှာကြားသည်။

ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Dec 01, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 30, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Posted on Nov 29, 2025
HOT NEWS
January 4,