မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 23, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(၂၂) ကြိမ်မြောက်နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ UMFCCI Office Tower ရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဦးစွာကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းကြီးက ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရန်လိုအပ်သည့် ထောက်ခံစာများအတွက်လည်း သေချာစွာစိစစ်၍‌ အချိန်ကြန့်ကြာမှုမရှိစေဘဲဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းတင်သွင်း၊ ဖြန့်ချိ၊ ရောင်းချသည့် ကုန်သွယ်ရေးလုပ်ငန်းမှသည် ကုန်ချောထုတ်လုပ်သည့် ဆေးဝါးစက်ရုံများကိုလည်း ပြည်တွင်းတွင်တည်ထောင်၍ ပြည်ပမှ အရည်အသွေးပြည့်မီသည့် ဆေးဝါးကုန်ကြမ်းများကို တင်သွင်းကာ ပြည်တွင်းစျေး ကွက်တွင် ထုတ်လုပ်ဖြန့်ချိရုံ သာမကနိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းကြီးအနေဖြင့် နိုင်ငံတော်က ချမှတ် ထားသော ကျန်းမာရေးနှင့်သက်ဆိုင်သည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လေ့လာ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့််လည်း ဆေးဝါးမှတ်ပုံ တင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ပြီးခွင့်ပြုပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်း အဖွဲ့များမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,