မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 16, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၅

မြန်မာနိုင်ငံမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ခိုင်မာသော မျိုးစေ့လုပ်ငန်းတစ်ခုဟူသည် အရည် အသွေးပြည့်မီသောမျိုးစေ့များကို လိုအပ်သောအချိန်၊ လိုအပ်သောနေရာတွင် လိုအပ်သောပမာဏကို တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူများ ရရှိအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပြည်တွင်း၌ထုတ်လုပ်ခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းနည်းလမ်းများဖြင့် မျိုးစေ့ဖူလုံမှုကို ဆောင်ရွက်နေသော်လည်း ရေရှည်တွင် သီးနှံစုံစိုက်ပျိုးရေးအတွက် လိုအပ်သောမျိုးစေ့များကို မိမိတို့နိုင်ငံ၏ ကွဲပြားခြားနားသည့် ရေ၊ မြေ၊ ရာသီဥတုအနေအထားအရ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပြီး ပြည်တွင်းမျိုးစေ့လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအပြင် တဖြည်းဖြည်းကြီးမားလာလျက်ရှိသည့် ကမ္ဘာ့မျိုးစေ့ဈေးကွက်ရှိ ဒေသတွင်းနိုင်ငံများ၏ မျိုးစေ့ဈေးကွက်ကို မျှဝေရယူနိုင်မည့် အခွင့်အလမ်းများအရ ပြည်တွင်း မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလို ကြောင်း။

အနာဂတ်ကာလတွင် မျိုးစေ့ထုတ်လုပ်တင်ပို့ ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးစေ့ထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ်ပေါ်ထွန်းလာစေရန် လိုအပ်သော ပြင်ဆင်မှု၊ ဖြေလျှော့မှု၊ ပံ့ပိုးကူညီမှုများကို ဖန်တီးပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ တောင်သူများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မျိုးစေ့ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး ဒေသအလိုက်အောင်မြင် ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးသွားနိုင်ရေး ကြိုးပမ်းကြရန်လိုကြောင်း၊ သို့မှသာ တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ်လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများသာမက နိုင်ငံတော်အတွက်ပါများစွာအကျိုးကျေးဇူး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မြန်မာ့ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါမှုကို တင်ပြပြီးသက်ဆိုင်ရာ ပညာရှင်များက မျိုးစေ့ဥပဒေ၊ စည်းမျဉ်းများနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် အလေ့အကျင့်ကောင်းများ၊ မြန်မာ့မျိုးစေ့သုတေသနနှင့် မျိုးကွဲ သစ်များဖော်ထုတ်ခြင်း၊ မြန်မာနိုင်ငံမျိုးစေ့အသင်းဥက္ကဋ္ဌနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများက ပုဂ္ဂလိကကဏ္ဍ၏ မြန်မာ့မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ မျိုးစေ့လုပ်ငန်းနှင့်စပ်လျဉ်း၍ အခက်အခဲများ၊ တောင်သူတစ်ဦးက တောင်သူများ မျိုးကောင်း မျိုးသန့် မျိုးစေ့ရရှိသုံးစွဲမှုနှင့် ရင်ဆိုင်ရသည့် အခြေအနေများကို တင်ပြဆွေးနွေးကြသည်။

အုပ်စုအလိုက်ဆွေးနွေးခြင်းတွင် မျိုးစေ့ဥပဒေနှင့် မူဝါဒ၊ မျိုးစေ့ထုတ်လုပ်မှုနှင့် အရည်အသွေး၊ မျိုးစေ့ဖြန့်ဖြူးမှုနှင့် ဈေးကွက်၊ မျိုးစေ့သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အုပ်စု(၄)ခုခွဲ၍ ဆွေးနွေးပြီး အုပ်စုကိုယ်စားလှယ်များက ဆွေးနွေးချက်ရလဒ်များကို ပြန်လည်တင်ပြဆွေးနွေးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံမျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင်ဝန်ကြီးဌာနမှ မျိုးစေ့ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍမှ မျိုးစေ့ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာ့မျိုးစေ့ကဏ္ဍ၏ လက်ရှိအခြေအနေကို နားလည်သဘောပေါက်ရန်နှင့် အဓိကစိန်ခေါ်မှုများ ကို ဖော်ထုတ်ရန်၊ မျိုးစေ့ထုတ်လုပ်မှု၊ အရည်အသွေး ထိန်းချုပ်မှုနှင့်ဖြန့်ဖြူးမှုဆိုင်ရာ သုံးသပ်ချက်များကို သိရှိစေရန်၊ အစိုးရ၊ ပုဂ္ဂလိကနှင့်တောင်သူ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မျှဝေ တာဝန်ယူခြင်းအားဖြင့် သီးနှံများ အထွက်တိုးရေးကို အထောက်အကူဖြစ်စေရန်၊ မျိုးစေ့ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသည့် မူဝါဒအကြံပြုချက်များချမှတ်ရန် ရည်ရွယ်ကျင်းပသည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မျိုးစေ့အသင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

Posted on Jul 13, 2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -