မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံ၊ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်
မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံ၊ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 03, 2025
ရန်ကုန် ဇန်နဝါရီ ၂
မြန်မာ့လယ်ယာထွက် ကုန်စည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၇)၊ (၂၈)နှင့် (၂၉)တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီ တင်၊ ချ ဆိပ်ကမ်းတံတားသစ်များ တည်ဆောက်ရေးနှင့် ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃ နှင့် ၄) တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ(Memorandum Of Agreement) များ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆက်စပ်ကုမ္ပဏီများ၊ Myanmar China Harbour Engineering (MCHEC) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
တိုးမြှင့်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၁ ဒသမ ၇ သန်းသာ ရှိခဲ့သော်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီမှ ဒီဇင်ဘာအထိ ကိုးလတာကာလအတွင်း တန်ချိန် ၂ ဒသမ ၁ သန်းအထိ တင်ပို့ထားခဲ့ပြီးဖြစ်ကြောင်း၊ ပြောင်းတင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၃ သန်းခန့်သာ ရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ကိုးလအတွင်း တန်ချိန် ၁ ဒသမ ၆ သန်းခန့်အထိ တိုးတက် ကိုင်တွယ်လာရသည့်အတွက် အထွေထွေကုန်စည်ကိုင်တွယ်မှုအပိုင်းတွင် ဆိပ်ကမ်းတံတားများ လိုအပ်လာသည့်အပြင် အလုပ်တွင်စေမည့် ခေတ်မီကုန်ကိုင်တွယ်စက်ကိရိယာများကို မဖြစ်မနေတပ်ဆင်အသုံးပြုပြီး စွမ်းဆောင်နိုင်မှု (Productivity) ကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေး အထောက်အကူပြုလုပ်ငန်းစဉ်အဖြစ် ယခုလို ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများကို တိုးချဲ့တည်ဆောက်ထားနိုင်ခြင်းဖြင့် တိုးတက်လာမည့် ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန်အတွက် အဆင်သင့်ဖြစ်မှု (Readiness) ကို ရရှိစေနိုင်မည်ဖြစ်သည့်အတွက် ယခုစီမံကိန်းလုပ်ငန်း လေးခုစလုံးကို နှစ်ဖက်အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရန် လိုကြောင်းနှင့် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် အစိုးရ - ပုဂ္ဂလိက (G2B)၊ ပုဂ္ဂလိက - ပုဂ္ဂလိက (B2B) ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမို၍ တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
လက်မှတ်ရေးထိုး
သီလဝါအကွက်အမှတ် (၂၇) ၌ စားသုံးဆီ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO) နှင့် MCHEC ၊ သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၈) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)နှင့် MCHEC ၊ သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၉) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MAGDPL) နှင့် MCHEC ၊ ဆူးလေသိုလှောင်ရုံ အမှတ် (၁၊ ၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတားများတွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် MCHEC တို့အကြား သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းများ၏ ကနဦးရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁ သန်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Myanmar National Human Rights Commission Statement No. (1/2025)
Posted on Jan 5, 2025မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၂၅)
Posted on Jan 5, 2025