မြောင်မြို့နယ်၊ ပန်းညိုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း မဟုတ်မမှန် ရေးသားထုတ်လွှင့်လျက်ရှိ
မြောင်မြို့နယ်၊ ပန်းညိုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း မဟုတ်မမှန် ရေးသားထုတ်လွှင့်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 13, 2025

နေပြည်တော် မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၁၂ ရက် ညနေပိုင်းက စတင်ပြီးရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေကြောင်း ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူများအား မေးမြန်းစုံစမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြောင်မြို့နယ်အတွင်း ကျေးရွာများ၌ မီးရှို့ဖျက်ဆီးခြင်း မရှိကြောင်းနှင့် အကြမ်းဖက်သမားများကသာ ငါနဲ့မတူငါ့ရန်သူသဘောထားကာ ၎င်းတို့အား မထောက်ခံသော ရဟန်းရှင်လူပြည်သူများအား လက်နက်အားကိုးဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်ခြင်းများ ဆောင်ရွက်နေကြသည်မှာ ပြည်သူများ အသိပင်ဖြစ်သည်။
အဆိုပါသတင်းမှားများနှင့်ပတ်သက်၍ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သည့် မြို့ရွာများတွင် လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း စသည့် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတုသတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
Posted on Mar 13, 2025နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Posted on Mar 11, 2025မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်
Posted on Mar 11, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။