မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 13, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၀ ရက်နှင့် ၁၁ ရက်က မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရွှေမြိုင်သီရိရပ်ကွက်နေ ဒေါ်အေးအေးမြင့်(၇၄)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဇေယျာသီရိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေ ဒေါ်စန်းဝင်း(၄၈)နှစ်အား နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်အေးအေးမြင့်နှင့် ဒေါ်စန်းဝင်းတို့ နှစ်ဦးအား ဇေယျာသီရိနယ်မြေရဲစခန်း (ပ)၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာနေ ဒေါ်နိုင်နိုင်ရွှေစီ(၅၀)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ ဒေါ်နိုင်နိုင်ရွှေစီနှင့်အတူ တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဒေါ်မိုးစံ(၄၅)နှစ်၊ ဒေါ်မဲတူ(၅၂)နှစ်၊ ဒေါ်ဌေးဌေး(၄၈)နှစ်၊ ဒေါ်စီစီခိုင်(၅၃)နှစ်၊ ဒေါ်ဇင်မိုးမိုးအောင်(၃၀)နှစ်၊ မောင်ချစ်မင်းခန့်(၁၇)နှစ်နှင့် နတ်ကြီးချောင်ကျေးရွာနေ ဒေါ်သင်းသင်းယု(၅၁)နှစ်တို့အား ဖဲရိုက်လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်နိုင်နိုင်ရွှေစီပါ ရှစ်ဦးအား မုတ္တမနယ်မြေရဲစခန်း (ပ)၁၈/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက လောင်းကစားသတင်းအရ ရဲစုတောင်ရပ်ကွက်၊ သဲကုန်းလမ်းပေါ်၌ စောင့်ဆိုင်းနေစဉ် သဲကုန်းလမ်းအတိုင်း မြောက်မှ တောင်သို့ ရွာမပိုင်းရပ်ကွက်နေ ဦးမျိုးနိုင်(၄၂)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မျိုးနိုင် အား ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၅၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
ထို့အတူ မတ် ၁၁ ရက် နံနက် ၁၁ နာရီတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ “ဂွတ်ရှယ်” လက်ဖက်ရည်ဆိုင်ဟောင်း၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကော့ကရိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်၌ အမှတ်(၆)ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးဝင်းကိုဦး(ခ)ဟာဆန်း(၃၄)နှစ်၊ ဦးတင်နိုင်ဝင်း(ခ)အဗ်ဒူရာမန်(၄၃)နှစ်၊ ဦးခိုင်မြဲဇော်(၃၆)နှစ်နှင့် အမှတ်(၃)ရပ်ကွက်နေ ဦးထွန်းထွန်းဦး(ခ)လအာလီ(၄၄)နှစ်တို့အား ဖဲရိုက်လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်း ကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် ဝင်းကိုဦး(ခ)ဟာဆန်းပါ လေးဦးအား ကော့ကရိတ်မြို့မရဲစခန်း(ပ)၁၂/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
အများပြည်သူသို့ အသိပေးကြေညာခြင်း
Posted on Mar 13, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Mar 12, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Mar 11, 2026နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
