ရန်ကုန်တိုင်းဒေသကြီး၌ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၌ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / January 05, 2026


နေပြည်တော် ဒီဇင်ဘာလ ၂၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဖက်စပ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဟိုတယ်များလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှု သည်။

ကြည့်ရှုစဉ် ဟိုတယ်များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အခန်းတွင်း၊ အခန်းပြင်ခင်းကျင်းထားရှိမှု၊ လုပ်ငန်းတိုးတက်မှုနှင့် ဧည့်သည် များလာရောက်တည်းခိုမှု၊ ဧည့်သည်များ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် နိုင်ရေးပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် မိမိတို့ဟိုတယ် များသို့ လာရောက်တည်းခိုနေထိုင်ကြမည့် ဧည့်သည်များကို အဆင့်အတန်းမီသော ဟိုတယ် ဆိုင်ရာဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ်ကြိုးစားကြရေး၊ ဟိုတယ်ရှိ ဝန်ထမ်း များအား စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းများဖြစ်စေရေး၊ အစားအစာချက်ပြုတ်ဆောင်များကို ကျန်းမာရေးနှင့် ညီညွတ်မှုရှိပြီးသန့်ရှင်းသပ်ရပ်မှုရှိအောင် ပြင်ဆင်ထားရှိကာ မြန်မာ့ရိုးရာ အစားအစာများကိုလည်း အဆင့်အတန်းမီစွာ ချက်ပြုတ်ပြင်ဆင်ဧည့်ခံရေး၊ ဟိုတယ်များသို့ ဧည့်သည်များ ပိုမိုလာရောက် တည်းခိုကြစေရေးအတွက် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များကို ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်းယားလိတ်ဟိုတယ်၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အနေ ဖြင့် ခရီးသွားပြပွဲများ စီစဉ်ကျင်းပပြုလုပ်ခြင်းသည် မြန်မာနိုင်ငံအား နိုင်ငံတကာမှခရီးသွား လုပ်ငန်းရှင်များသိရှိပြီး package tour များ၊ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ် ကြစေရေးအတွက် အထောက်အပံ့ကောင်းများ စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ပကတိအခြေအနေမှန်ကို သိရှိပြီး နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြစေရေး ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းတွင် ပုဂ္ဂလိက ကဏ္ဍအချင်းချင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုး ကျေးဇူးကောင်းများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အဓိက ခရီးစဉ်ဒေသကြီး များသာမက အလားအလာရှိသည့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်မြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်တွင်းပြည်ပခရီးသွားပြပွဲများ၌ မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်းများ ခင်းကျင်းပြသနေမှု၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်များ စီစဉ် ဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ကြစေရေး အတွက် ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာနေမှု၊ခရီးသွားပြပွဲများ (UMTA Travel Fair 2026) ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Source From: Kyemon


၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Posted on Jan 06, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Posted on Jan 05, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 04, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Posted on Jan 03, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Posted on Jan 02, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်)...

Posted on Jan 6, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Dec 31, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Posted on Jan 5, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

HOT NEWS
January 4,