ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံအမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံအမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 04, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၄

နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

အကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အောင်ဆန်းဈေးရှေ့ရှိ လမ်းဘေးအသုတ်ဆိုင်၌ ထိုင်နေသည့် အဆိုပါရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ဦးဇော်မင်းထွန်း (၅၂)နှစ်အား သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခြင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်းနှင့် ရွှေဝတ်မှုံလမ်းဆုံ၌ အမှတ်(၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ဇော်ဦးနှင့် ဇနီးတို့အား ပစ်ခတ်သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ ဖျာပုံလမ်း၊ အိမ်အမှတ်(၃၁)၊ ပန်းလှိုင်မိသားစုဆေးခန်း ရှေ့ရှိ Generator မီးစက်အသေး ၂ လုံးအနီး၌ မိုင်းထောင်ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ပြည်သူများ၏ မော်တော်ယာဉ်(၆)စီးနှင့် နေအိမ်သုံးမီးစက် ၂ လုံး၊ စီးပွားရေးလုပ်ငန်းအသုံးပြုသည့် ဆိုင်းဘုတ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။

ဖော်ပြပါပြစ်မှုများကို ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပြစ်မှုကျူးလွန်သူ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ (၂၈)နှစ်၊ (ဘ)ဦးစိန်ဝင်း၊ အမှတ်(၁/က)၊ စစ်ကိုင်းလမ်း၊ အမှတ်(၉)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်နေသူအား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ စစ်ကိုင်းလမ်း၌လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ပူးပေါင်းကျူးလွန်သူများ ဖြစ်ကြသည့် တင်ဝင်းလှိုင်(ခ)အငယ်လေး (၃၆)နှစ်၊ (ဘ)ဦးသန်းမြင့်၊ အမှတ်(၂၇/ခ)၊ စစ်ကိုင်းလမ်း၊ အမှတ်(၁၀)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေသူအား နေအိမ်၌လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် တရားခံမျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်း (၄၀)နှစ်၊ (ဘ)ဦးတင်ထွန်း၊ “ပဒေသာဦး”အဆောင်၊ နတ်မောက်လမ်း၊ အမှတ်(၉)ရပ်ကွက်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေသူအား အမှတ်(၉)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းပေါ်ရှိ ၎င်းဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်၌လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျပါ(၃)ဦးတို့၏ ထွက်ဆိုချက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်တွင် မိုင်းထောင်ဖောက်ခွဲရန်စေခိုင်းသူ ရန်နိုင်ထွဋ်(ခ) လူစီဖာ(ခ) ရဲရင့်(ခ) လရောင်(၃၇) နှစ်(ဘ)ဦးခိုင်ဝင်း၊ အမှတ်(၇)ဘုရင့်နောင်လမ်း၊ ဆရာစံ(မြောက်/ရှေ့) ရပ်ကွက်နေသူနှင့် အကြမ်းဖက်သမားများအား နေအိမ်စီစဉ်ပေးခြင်း၊ လက်နက်ခဲယမ်းသိမ်းဆည်းပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးသူ ထွန်းနိုင်စိုး(ခ)ဘီးကျဲ (၄၂)နှစ် (ဘ)ဦးစိုးဝင်း၊ အမှတ်(၁၃၇/က)၊ နန္ဒသူရိန်လမ်း၊ (၁၄)ရပ်ကွက်၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဥက္ကာလာပမြို့နယ်နေသူတို့ ၂ ဦးအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ Toyota Terminal M Shopping Mall အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှုများကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ သယ်ယူထောက်ပံ့ပို့ဆောင်သူများဖြစ်ကြသည့် အမှတ်(၁၀၈) ဝိဇ္ဇာ(၃)လမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေ မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ) တရုတ်လေး (၂၄)နှစ် (ဘ)ဦးသန့်ဇင်လင်းနှင့် အောင်နိုင်ဝင်း(ခ)ကိုဖြိုး (၂၃)နှစ် (ဘ)ဦးမြင့်ရွှေတို့ ၂ ဦးအား မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ပိတောက်(၃)လမ်း၊ ၅ လမ်းနှင့် ၆ လမ်းကြား၊ အမှတ်(၂၁၆)ဂိုဒေါင်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ ဇန်နဝါရီလ ၄ ရက် နံနက် ၁ နာရီ ၅၀ မိနစ် အချိန်တွင် ဧပရယ်မိုးနိုင် (ခ)သီရိ(ခ)ဘေဘေ (၂၀)နှစ် (ဘ)ဦးသန့်ဇင်လင်း၊ အမှတ်(၁၀၈)၊ ဝိဇ္ဇာ(၃)လမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေသူအား ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများဖြစ်ကြသည့် ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ) အငယ်လေးနှင့် မျိုးမြင့်(ခ) ခြူးလေး(ခ) ဂျိမ်းတို့ ၃ ဦး၏ ထွက်ဆိုချက်များအရ ၎င်းတို့ ၃ ဦးသည် မင်းစံ(ခ)မျိုးဦး(ဖမ်းမမိ)နှင့် ပဲခူးမြို့နေ ကိုထွန်း(ဖမ်းမမိ)တို့ ၂ ဦးနှင့်အတူ ရန်နောင်ထွဋ်(ခ) လူစီဖာ(ခ) ရဲရင့်(ခ) လရောင်နှင့် မသက်(ဖမ်းမမိ)တို့၏ စီစဉ်စေခိုင်းမှုဖြင့် မိုင်းထောင်ဖောက်ခွဲမှု ကျူးလွန်ခဲ့ကြကြောင်း ပေါ်ပေါက်ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် YGN-30 9F-8369 Honda Fit မော်တော်ယာဉ်အား တရားခံတင်ဝင်းလှိုင်(ခ) အငယ်လေးမှ စတစ်ကာအနက်ရောင်ကပ်ကာ ရုပ်ဖျက်ပြင်ဆင်ပေးခဲ့ကြောင်း၊ ဖောက်ခွဲမည့်နေရာသို့ ကိုထွန်း(ဖမ်းမမိ)က မော်တော်ယာဉ်အား မောင်းနှင်ပို့ဆောင်၍ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၊ မင်းစံ(ခ) မျိုးဦး(ဖမ်းမမိ)နှင့် မျိုးမြင့်(ခ) ခြူးလေး(ခ) ဂျိမ်းတို့မှ လက်လုပ်ဗုံးများအား ချထားခဲ့ကာ မသက်(စိစစ်ဆဲ)မှ အဝေးထိန်းစနစ် အသုံးပြုဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဖောက်ခွဲရာတွင်အသုံးပြုသည့် ဖောက်ခွဲရေးပစ္စည်းများအား ရန်နောင်ထွဋ်(ခ) လူစီဖာ(ခ) ရဲရင့်(ခ) လရောင်၊ ထွန်းနိုင်စိုး(ခ) ဘီးကျဲ၊ မိုးစက်အောင်(ခ)ကိတ်ကိတ် (ခ)တရုတ်လေး၊ အောင်နိုင်ဝင်း(ခ) ကိုဖြိုး၊ ဧပရယ်မိုးနိုင်(ခ) သီရိ(ခ) ဘေဘေတို့ (၅)ဦးက ကြိုတင် စီစဉ်ချိတ်ဆက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN-30 9F-8369 Honda Fit အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား သိမ်းဆည်းရမိခဲ့ပါသည်။

၎င်းအပြင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် ဝင်းခန့်ကိုကို (ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျသည် ကိုဇွဲ(ဖမ်းမမိ)၊ မစု(ဖမ်းမမိ)၊ ဆန္ဒ(ဖမ်းမမိ)နှင့် ဒဿ(ဖမ်းမမိ)တို့ ၄ ဦးနှင့်အတူ မော်တော်ယာဉ်ဖြင့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အောင်ဆန်းဈေးရှေ့ရှိ လမ်းဘေးအသုတ်ဆိုင်အနီးသို့ သွားရောက်ကာ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျမှ အသုတ်ဆိုင်တွင်ထိုင်နေသည့် ရာအိမ်မှူး ဦးဇော်မင်းထွန်း(၅၂)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း တရားခံဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ) အငယ်လေးနှင့် မျိုးမြင့်(ခ) ခြူးလေး (ခ)ဂျိမ်းတို့သည် မသက်(ဖမ်းမမိ)၊ ဆန္ဒ(ဖမ်းမမိ)၊ ဒဿ(ဖမ်းမမိ)တို့နှင့် ပူးပေါင်း၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်းနှင့် ရွှေဝတ်မှုံလမ်းဆုံ၌ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးနှင့်ဇနီးတို့အား ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျနေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Sigsauer အမျိုးအစားအနက်ရောင် ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ 9 mm Luger ကျည် ၁၅ တောင့်၊ Golock အမျိုးအစားအနက်ရောင် ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ 9 mm ပွိုင့် ၃၈၀ ကျည် ၁၅၃ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် နံပါတ်အတုတပ်ဆင်အသုံးပြုသော Toyota Fielder အမျိုးအစားအဖြူရောင် မော်တော်ယာဉ် ၁ စီးတို့ကိုလည်းကောင်းသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၏ဇနီး မသင်းပွင့်စံ(ဖမ်းမမိ)နေထိုင်သည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်း၊ “မိဘဂုဏ်ရည်” အဆောင်၊ အခန်းအမှတ်(၃)သို့ ဆက်လက်ရှာဖွေခဲ့ရာ အခန်းအတွင်းရှိ အိပ်ရာအနီးမှ CZ 75D A 134321 စာတမ်းပါ အနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ 9 mm Luger ကျည် ၅ တောင့်၊ Thai Arms ကျည် ၄ တောင့်တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၏ ထွက်ဆိုချက်အရ ၎င်းတို့အကြမ်းဖက်အဖွဲ့ဝင်ဖြစ်သည့် မင်းစံ(ခ) မျိုးဦး(ဖမ်းမမိ) နေထိုင်သည့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ချောင်းဦးလမ်း၊ အမှတ်(၃၃၃/က)နေအိမ်မှ အနက်ရောင် ၇၉ ဗုံးပစ်လောင်ချာ ၂ လက်၊ အနက်ရောင် M 16 မောင်းပြန်ရိုင်ဖယ် သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၄ဝ မမကျည် ၅ တောင့်၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆားကစ်ပြား ၅ဝဝ ခု၊ နီ/နက်အရောင် အဖွင့်အပိတ်ခလုတ် ၁ဝဝ ခု၊ Panasonic စာတမ်းပါ ဓာတ်ခဲခြောက် ၁ဝ လုံးစီပါ စက္ကူဖာ ၃ဝ ဖာ၊ PVC စာတမ်းပါ ဝါယာကြိုးခွေ ၅ ခွေ၊ ဝါယာကြိုးပါ ဓာတ်ခဲခြောက်နှင့်တွဲသည့် ကတ်သီး ၃ဝဝ ခု၊ ဒီတိုနေတာ ၂ဝ ချောင်း၊ ယမ်းကြိုးခွေ ၁ ခွေ၊ မီတာ ထောက်ကိရိယာ ၂ ခု၊ ကော်အရည်ဖျော် Gun ၁ ခု၊ Remote မျိုးစုံ ၃ ခု၊ အပြာရောင် PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၁ လုံး၊ Keypad ဖုန်း ၂ လုံး၊ ဓာတ်ခဲအားသွင်းစက် ၁ ခု၊ ဘက်ထရီစက်ဘီးအားသွင်းကြိုး ၁ စုံ၊ သံပိုက်ဖြင့် ပြုလုပ်ထားသာ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် သံတိုသံစ ၁ ဖာ၊ မီးတိပ်မျိုးစုံ ၁၇ ခွေ၊ 9 mm Thai Arms ပစ္စတိုကျည် ၉၆ တောင့်၊ 380 Auto USA -A ပစ္စတိုကျည် ၄၈ တောင့်၊ 380 Auto Thai Arms ပစ္စတိုကျည် ၁၃ တောင့်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်ခဲ့ကြသည့် ဖမ်းဆီးရမိတရားခံ ထွန်းနိုင်စိုး(ခ)ဘီးကျဲ၊ မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ)တရုတ်လေး၊ အောင်နိုင်ဝင်း(ခ)ကိုဖြိုးတို့ ၃ ဦး၏ ထွက်ဆိုချက်အရ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ပိတောက်(၃)လမ်း၊ ၅ လမ်းနှင့် ၆ လမ်းကြား၊ အမှတ် (၂၁၆)ဂိုဒေါင်အတွင်း သိုဝှက်သိမ်းဆည်းထားသော လက်လုပ်ရှော့တိုက်ဒုံးများပြုလုပ်ရာတွင် အသုံးပြုသည့်သတ္တုပိုက် ၉ ချောင်း၊ AB ကော်ဗူး ၆ ဗူး၊ သတ္တုဖင်ပိတ် ၉ ခု၊ သတ္တုပြား ၉ ခု၊ သတ္တုတုံး ၉ တုံး၊ မိုလောင်းထားသည့် ထိပ်ဖူး ၉ ခု၊ ဝိုင်ယာကြိုးအနီခွေ ၁ ခွေနှင့် ဝါရှာကွင်း ၃၀ ကွင်းတို့ကို လည်းကောင်း၊

မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ) တရုတ်လေး၊ ဧပရယ်မိုးနိုင်(ခ) သီရိ(ခ) ဘေဘေတို့ ၂ ဦး၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ဝိဇ္ဇာ(၃)လမ်း၊ အိမ်အမှတ်(၁၀၈)တွင် သိုဝှက်သိမ်းဆည်းထားသော လက်လုပ်ရှော့တိုက်ဒုံးများပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းတုံးမျိုးစုံ ၃၆ တုံး၊ လက်လုပ်ရှော့တိုက်ဒုံး ဒလက်/အမြီး ၃၆ ခု၊ သတ္တု/သံအဝိုင်းပြား ၁၈ ပြား၊ Receiver ၁၀ ခု၊ ရီမု ၁ ခု၊ ဓာတ်ခဲ ၈ လုံး၊ လက်လုပ်ရှော့တိုက်ဒုံးထိပ်ဖူးစနက် ၉ ခု၊ လျှပ်စစ် ဒီတိုနေတာ ၂ ချောင်း၊ ခလုတ် ၄ ခု၊ Audio ဂျက်ပင်ခေါင်း ၅ ခု၊ လက်လုပ်မိုင်းသံကိုယ်ထည် ၆ ခု၊ ၄ လက်မပိုက်အတွင်း သံမှိုများထည့်ထားသည့် လက်လုပ်မိုင်းကိုယ်ထည် ၃ ခု၊ Wifi နှင့် Camera တပ်ဆင်ထားသည့် Receiver ၁ ခုတို့ကိုလည်းကောင်း အသီးသီးထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ကြံပစ်ခတ်မှုများ ကျူးလွန်ခဲ့သူများဖြစ်ကြသည့် ရန်နောင်ထွဋ်(ခ) လူစီဖာ(ခ) ရဲရင့်(ခ) လရောင်၊ ထွန်းနိုင်စိုး(ခ) ဘီးကျဲ၊ မိုးစက်အောင်(ခ) ကိတ်ကိတ်(ခ) တရုတ်လေး၊ အောင်နိုင်ဝင်း(ခ) ကိုဖြိုး၊ ဧပရယ်မိုးနိုင်(ခ) သီရိ(ခ) ဘေဘေ၊ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ)အငယ်လေးနှင့် မျိုးမြင့်(ခ) ခြူးလေး(ခ) ဂျိမ်းတို့ ၈ ဦးအား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် မော်တော်ယာဉ် ၂ စီး၊ လက်နက်မျိုးစုံ ၆ လက်နှင့် ခဲယမ်းများ၊ အကြမ်းဖက်ဖောက်ခွဲမှုနှင့် လက်လုပ်ရှော့တိုက်ဒုံးများပြုလုပ်ရန် ပြင်ဆင်ထားသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ အကြမ်းဖက်မှုပြုလုပ်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဖမ်းဆီးရန်ကျန်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။


၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Posted on Jan 06, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Posted on Jan 04, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Posted on Jan 03, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 02, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 01, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်" ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုးအား ရောင်းချပေးမည်။

Posted on Jan 3, 2025

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်" ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုးအား ရောင်းချပေးမည်။

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jan 6, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင်ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်ကြောင်းထုတ်ပြန်ကြေညာ

Posted on Jan 6, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီးစားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

HOT NEWS
January 4,