ရန်ကုန်မြို့အတွင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအား ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများ လိုက်လံကပ်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

ရန်ကုန်မြို့အတွင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအား ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများ လိုက်လံကပ်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 20, 2025
ရန်ကုန်မြို့အတွင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာ ရေးသားထားသည့် စတေကာများကို လိုက်လံကပ်ခြင်းများ ကျူးလွန်လုပ်ဆောင်ခဲ့သည့် တရားခံ နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး  အရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများဖြင့် အများပြည်သူသွားလာနေသည့် နေရာများတွင် အသိပေးလှုံ့ဆော်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ 

     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဘန်းကျေးရွာအတွင်း ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင်လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများကပ်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မြဝတီမင်းကြီးလမ်းနှင့် ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်ပေါ်၌ အလျား ခုနစ်လက်မ၊ အနံ လေးလက်မခန့်ရှိ နောက်ခံ အနီရောင်ပေါ်တွင် အဝါရောင်ဖြင့် ရွေးကောက်ပွဲအား ဆန့်ကျင်လှုံ့ ဆော်ရေးသားထားသည့် စာသားပါ စတေကာ တစ်ရွက်နှင့် အနက်ရောင်မဲပုံးပေါ်တွင် ကျည်ဆံပုံသဏ္ဍာန်များပါ စတေကာ တစ်ရွက်တို့အား ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းကာ ကျူးလွန်သူများအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ)၈၁၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်လှစ်၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

     ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးအထောက်အကူပြုပစ္စည်းများ၊ သတင်းစုံစမ်းထောက် လှမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေသူများဖြစ်ကြသည့် အောင်ရဲထွဋ်(ခ)ရဲထွဋ်(၂၄)နှစ်နှင့် ရန်နိုင်ကြည်ဝင်း(ခ)ရန်နိုင်(ခ)အကြီးကောင်(၂၃)နှစ် တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် ၎င်းတို့နေအိမ်မှ ဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပျက်ပြားစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၃ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အများပြည်သူနှင့်သက်ဆိုင်သော နေရာ ၁၀ နေရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်ရေးသားထားသည့် စာသားပါ စတေကာများဖြင့် အသိပေးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

     ထိုသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန် လှုံ့ဆော်ရေးသား ဖြန့်ချိခဲ့သော တရားခံ အောင်ရဲထွဋ်(ခ)ရဲထွဋ်နှင့် ရန်နိုင်(ခ) ရန်နိုင်ကြည်ဝင်း တို့နှစ်ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 21, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။


Posted on Sep 20, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Posted on Sep 19, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Sep 18, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 17, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Sep 16, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချပေးမည်။

Posted on Sep 19, 2025

မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချပေးမည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း

Posted on Sep 18, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Sep 18, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကိုပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။

HOT NEWS
January 4,