ရန်ကုန်-နေပြည်တော်-မန္တလေးရထားလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းနှင့် ရန်ကုန်-ပြည်ရထားလမ်းပိုင်းများရှိ လူစီးအမြန်ရထားများတွင် ရထားများတိုးချဲ့ချိတ်ဆက်ပြေးဆွဲ ခရီးသွားပြည်သူများရထားစီးနင်းမှုများပြား

ရန်ကုန်-နေပြည်တော်-မန္တလေးရထားလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းနှင့် ရန်ကုန်-ပြည်ရထားလမ်းပိုင်းများရှိ လူစီးအမြန်ရထားများတွင် ရထားများတိုးချဲ့ချိတ်ဆက်ပြေးဆွဲ ခရီးသွားပြည်သူများရထားစီးနင်းမှုများပြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 29, 2026
image_latest


နေပြည်တော် မတ် ၂၉

နိုင်ငံတော်ယာယီသမ္မတ၏လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရထားဆိုင်းများတိုးချဲ့ ပြေးဆွဲပေးခြင်း၊ လက်ရှိပြေးဆွဲနေသော ရထားတွဲဆိုင်းများတွင် ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများအား ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ ရထားစီးခရီးသွားပြည်သူများ ရထားစီးနင်းမှုများပြားလျက်ရှိသည်။

ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်း၌ လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများဖြစ်သည့် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂)အစုန်၊ အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် ရထားများအား ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များ စီးနင်မှုများပြားလာသည့်အတွက် အမှတ်(၃၃)အဆန်၊ အမှတ်(၃၄)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအား ထပ်မံတိုးချဲ့ပြေးဆွဲပေးခဲ့ပါသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများ၌လည်း ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် အထက်တန်း(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေးခဲ့ပြီး ယခင်ရပ်တန့်ဘူတာ(၁၆)ဘူတာရှိရာမှ ဒိုက်ဦး၊ ရေနီ၊ ညောင်ရမ်း၊ မြစ်သား (၄)ဘူတာထပ်မံရပ်တန့်ပေးခဲ့ပါသည်။

ထို့အတူ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၌ ရထားစီးနင်းမှုများပြားလာသည့်အတွက် အမှတ်(၈၁) အဆန်၊ အမှတ်(၈၂)အစုန်လေအိတ်လူစီးအမြန်ရထား၌ ရိုးရိုးတန်း(၁)တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေးခြင်း၊ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၇၁)အဆန်၊ အမှတ်(၇၂)အစုန် လူစီးအမြန်ရထားသည် ခရီးသည်စီးနင်းမှုများပြားခြင်း၊ ကြည့်မြင့်တိုင်-ပြည်ရထားလမ်းပိုင်း၌ အမှတ်(၆၃)အဆန်၊ အမှတ်(၆၄)အစုန်လူစီးစာပို့ရထားတွင် ရိုးရိုးတန်း(၂)တွဲအား ထပ်မံချိတ်ဆက်ပြေးဆွဲပေးခဲ့ပြီး လက်ပံတန်း-သာရဝေါ ရထားလမ်းပိုင်း၌ အမှတ်(၁၉၅)အဆန်၊ အမှတ်(၁၉၆)အစုန် လော်ကယ်ရထားအား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ပြေးဆွဲပေးလျက်ရှိရာမှ ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် မတ်လ ၂၈ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများ၊ နေပြည်တော်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၂၇)အဆန်၊ အမှတ်(၂၈)အစုန် လူစီးအမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအား online Railways Ticketing and payment System(ORTP) ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာယခင်အတိုင်း ဖြစ်ပါသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ခရီးသွားပြည်သူများ ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ရှိကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား


၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Mar 26, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 25, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Posted on Mar 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။