ရေဆင်းတက္ကသိုလ်များနယ်မြေ တက္ကသိုလ်အားကစားကွင်း အဆင့်မြှင့်တင်
ရေဆင်းတက္ကသိုလ်များနယ်မြေ တက္ကသိုလ်အားကစားကွင်း အဆင့်မြှင့်တင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 19, 2025

နေပြည်တော် အောက်တိုဘာ ၁၈
ရေဆင်းတက္ကသိုလ်များနယ်မြေ တက္ကသိုလ်အားကစားကွင်း၏ မီတာ ၄ဝဝ ပြေးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ပရိသတ် ၅၂၀ ဆံ့ ပွဲကြည့်စင်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအားကစားကွင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်တို့ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
အခမ်းအနားတွင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် အခမ်းအနားအစီအစဉ်အတိုင်း ပန္နက်တင်ကြပြီး တည်ဆောက်ရေးတာဝန်ခံက မီတာ ၄ဝဝ ပြေးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် အထူးတန်းပွဲကြည့်စင်အပါအဝင် ပရိသတ် ၅၂၀ ဆံ့ ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် မွေးမြူရေးသုတေသနဦးစီးဌာနသို့ သွားရောက်ပြီး ပေ (၄၀ x ၃၀) ရှိ သရုပ်ပြငါးသားဖောက်စခန်း တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးရေး၊ စံချိန်စံညွှန်း ပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆွေးနွေးမှာကြားသည်။
ယမန်နေ့ကလည်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၃) ရှိ Ghani Win International Modern Processing Plant & Cold Storage တွင် ငါး၊ ပုစွန်များ ပြုပြင်အေးခဲပြီး UK၊ KSA၊ USA နိုင်ငံများသို့ တင်ပို့ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
Posted on Oct 21, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 19, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
Posted on Oct 18, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Posted on Oct 17, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Posted on Oct 16, 2025
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း
Posted on Oct 19, 2025၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 16, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Posted on Oct 17, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း