ရေဖြူမြို့နယ် မင်းဒပ်ခေတ်မီစံပြကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
ရေဖြူမြို့နယ် မင်းဒပ်ခေတ်မီစံပြကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / October 21, 2025

ရေဖြူမြို့နယ် မင်းဒပ်ခေတ်မီစံပြကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
***********************************
ရေဖြူ အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက မင်းဒပ်ခေတ်မီစံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း(RBF) အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် ဝန်ထမ်းများက မင်းဒပ်ခေတ်မီစံပြကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် ဂန္ဓမာ၊ သဇင်၊ ကံ့ကော်အဖွဲ့နှင့် ခရေအဖွဲ့တို့မှ CP ဝက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ စံပယ်အဖွဲ့မှ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်မှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိက RBF အသင်းသား၊ အသင်းသူများ နှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မင်းဒပ်ခေတ်မီစံပြကျေးရွာကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းဖြင့် အစုအဖွဲ့ ၅ ဖွဲ့အတွက် စီမံကိန်းထောက်ပံ့ငွေကျပ် ၆ ဒသမ ၈ သန်းနှင့် ပြည်သူထည့်ဝင် ငွေကျပ် ၂၆ ဒသမ ၇၈၅ သန်း၊ စုစုပေါင်းငွေကျပ် ၃၃ ဒသမ ၅၈၅ သန်းဖြင့် အဆိုပါကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်သူများ၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့ စနစ်ဖြင့် လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း ရေဖြူမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
Posted on Oct 21, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 19, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
Posted on Oct 18, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Posted on Oct 17, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Posted on Oct 16, 2025
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Oct 21, 2025နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း
Posted on Oct 19, 2025၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။