ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 28, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၄၇.၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီ ၁၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီထိ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ ပိန်းအွတ်ကျေးရွာအရှေ့ဘက် နှစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်နှင့် အရှေ့မြောက်ဘက် ခြောက်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၆ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ပန်လျှန်း ကျေးရွာအရှေ့တောင်ဘက် ခုနစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၂ ဧကခန့်နှင့် မက်မန်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မက်မန်း မြို့နယ်၊ နမ်ဟာနုကျေးရွာအရှေ့မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁ ဧကခန့်၊ ရောင်ကပ်ကျေးရွာအရှေ့မြောက်ဘက် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁.၅ ဧကခန့် တို့အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၂၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထီဗိကျေးရွာအရှေ့ဘက် သုံးမိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၂ ဧကခန့်နှင့် လိန်းညား ကျေးရွာအနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၀ ဧကခန့်တို့အား လည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ နံနက် ၁၁ နာရီ ၄၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ကုန်းလော ကျေးရွာအနောက်တောင်ဘက် ခြောက်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၈ ဧကခန့်နှင့် မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉ ဧကခန့်တို့အား လည်းကောင်း။
ထို့အတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၁၅ မိနစ်ထိ မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့နယ်၊ မယ်ကျလဲကျေးရွာအရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၈ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Jan 27, 2026ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
Posted on Jan 27, 2026စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 23, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
