ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက်ရှိ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍပါတ် ဆွမ်းလောင်းအသင်းမှ ပိဏ္ဍပါတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခြင်း
ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက်ရှိ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍပါတ် ဆွမ်းလောင်းအသင်းမှ ပိဏ္ဍပါတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခြင်း
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 13, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက် နံနက် ၆ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက်ရှိ သံဃာ့ဩဝါဒခံ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍပတ်ဆွမ်းလောင်းအသင်း (၁၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒဿမအကြိမ်မြောက် ပိဏ္ဍပါတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း ဦးဆောင်၍ ဒေသခံပြည်သူများ စုစုပေါင်း ၁၈၀၀ ဦးခန့်ဖြင့် ညောင်ရွှေမြို့ရှိ စာသင်တိုက်နှင့် ဘုန်းကြီးကျောင်း ၆ ကျောင်းတို့မှ သံဃာတော်အရှင်သူမြတ် ၆၀၀ ပါးတို့အား ပိဏ္ဍပါတ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်းလှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်
Posted on Jul 13, 2025နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
အသိပေးကြေညာခြင်း
Posted on Jul 11, 2025ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -