ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားများဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူး/ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦး သေဆုံး

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားများဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူး/ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦး သေဆုံး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 17, 2025


     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် နံနက် ၈ နာရီ ၅၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ ရာအိမ်မှူး/ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင် ဦးစိုးမိုးကျော်(၅၁)နှစ်သည် အဆိုပါရပ်ကွက်အနီးရှိ ၎င်းပိုင် တောင်ယာခင်းအတွင်း ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ)က ရောက်ရှိလာပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးမိုးကျော်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်မှုများ ကျူးလွန်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Dec 18, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 17, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Dec 16, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Dec 15, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 14, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ရောင်းချပေးမည်။

Posted on Dec 18, 2025

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ရောင်းချပေးမည်။

ကြော်ငြာစာအမှတ် (၁/၂၀၂၅)နှင့် (၂/၂၀၂၅) တို့တွင် ရွေးချယ်ခြင်းခံရသူများ သတင်းပို့ရမည့် လိပ်စာ/ ဖုန်းနံပါတ်များ ကြေညာခြင်း

Posted on Dec 18, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)နှင့် (၂/၂၀၂၅) တို့တွင် ရွေးချယ်ခြင်းခံရသူများ သတင်းပို့ရမည့် လိပ်စာ/ ဖုန်းနံပါတ်များ ကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့် ခေါ်ယူခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန်(အမျိုးသား/ အမျိုးသမီး) ရာထူး (၃၀)နေရာအတွက် ...

Posted on Dec 18, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့် ခေါ်ယူခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန်(အမျိုးသား/ အမျိုးသမီး) ရာထူး (၃၀)နေရာအတွက် ရွေးချယ်ခံရသူများ အမည်စာရင်း ကြေညာခြင်း

HOT NEWS
January 4,