ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီး ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီး ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 11, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ လွိုင်လင်-ဟိုပုံးသွားကားလမ်း မိုင်းပွန် တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လွိုင်လင်မြို့မှ ဟိုပုံး မြို့ဘက်သို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ဖြူစခန်းရပ်ကွက်နေ ခွန်ဇော်မိုး(၄၃)နှစ် မောင်းနှင်လာသည့် MDY-14/3M-XXXX TOYOTA CROWN မော်တော်ယာဉ်၊ ချမ်းမြသာစည်ရပ်ကွက်နေ စိုင်းကောင့်မိန်း(၃၃)နှစ် မောင်းနှင်လာသည့် MDY-18/7J-XXXX HONDA FIT မော်တော်ယာဉ်၊ လင်းခေးမြို့၊ ရွာမကြီးအနောက်ရပ်ကွက်နေ စိုင်းသီဟအောင်(၂၆)နှစ် မောင်းနှင်လာသည့် SHN-18/1J-XXXX HONDA FIT မော်တော်ယာဉ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်သာယာရပ်ကွက်နေ ဇော်ထွန်း (၆၂)နှစ် မောင်းနှင်လာသည့် SHN-18/7I-XXXX HONDA FIT မော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသ နိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခွန်ဇော်မိုး အား ဟိုပုံးမြို့မရဲစခန်း (ပ)၁၂၄/၂၀၂၅၊ စိုင်းကောင့်မိန်း အား ဟိုပုံးမြို့မရဲစခန်း (ပ)၁၂၅/၂၀၂၅၊ စိုင်းသီဟအောင် အား ဟိုပုံးမြို့မရဲစခန်း (ပ)၁၂၆/၂၀၂၅နှင့် ဇော်ထွန်း အား ဟိုပုံးမြို့မရဲစခန်း (ပ)၁၂၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။
ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း
Posted on Mar 10, 2026ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း
Posted on Mar 10, 2026နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
Posted on Mar 10, 2026နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
