ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူ မြန်မာနိုင်ငံသား(၉၇)ဦးနှင့် တရုတ်နိုင်ငံသား(၄၁)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူ မြန်မာနိုင်ငံသား(၉၇)ဦးနှင့် တရုတ်နိုင်ငံသား(၄၁)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 17, 2025

နေပြည်တော် ဇွန် ၁၇
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများပူးပေါင်းကာ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရသက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခြင်းများ လုပ်ကိုင်ခဲ့ပါသည်။
ထိုသို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အိမ်အမှတ်(မဆ-၄၀၀)ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအမျိုးသား ၄၀ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား လက်ကိုင်ဖုန်းမျိုးစုံ ၁၂၀ လုံး၊ ကွန်ပျူတာမျိုးစုံ ၈၆ လုံး၊ WiFi စက် ၃ လုံး၊ Crown မော်တော်ယာဉ်တစ်စီးတို့ဖြင့်လည်းကောင်း၊ ကောင်းမှုတုံရပ်ကွက်၊ အိမ်အမှတ်(ဟန-၈)ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အတွင်းမှ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၈ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၁၆ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၃၄ လုံး၊ WiFi စက် ၃ လုံး၊ Crown မော်တော်ယာဉ်တစ်စီး၊ TOYOYA LANDCRUISER မော်တော်ယာဉ်တစ်စီးတို့ဖြင့်လည်းကောင်း စစ်ဆေးတွေ့ရှိ သိမ်းဆည်းဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။