ရှမ်းပြည်နယ် အင်းလေးဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ရှမ်းပြည်နယ် အင်းလေးဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 24, 2025
image_latest


ညောင်ရွှေ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ် အင်းလေးဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ အခြေခံပညာအထက်တန်းကျောင်း (သာလေး) ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းဘင်ခရာတီးဝိုင်းအဖွဲ့များနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆို/ အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြသည့် ကာယ/ဉာဏပြိုင်ပွဲများနှင့် ခင်းကျင်းပြသထားသည့် ဓာတ်ပုံများနှင့် စာအုပ်/ စာစောင်များကို လိုက်လံကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ အ.ထ.က (သာလေး) မှ ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြ သည်။

ထို့နောက် MRTV မှ စီစဉ်ထုတ်လုပ်သည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” Video Clip ကို ဖွင့်လှစ်ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာကျော် အင်းလေးဒေသသည် တည်ငြိမ်အေးချမ်းမှုရှိပြီး သာယာလှပမှုကြောင့် ခရီးသွားလုပ်ငန်းအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်လျက်ရှိပါကြောင်း၊ ငလျင်ဘေးဒဏ်သင့်ခဲ့သော်လည်း နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုအခါ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်ရပါကြောင်း၊ မောင်တို့ မယ်တို့အနေဖြင့် ပညာကို ထူးချွန်စွာ တတ်မြောက်အောင် ကြိုးစားသင်ယူကြရန်အပြင် သုတ/ရသ စာအုပ် စာစောင်များကိုလည်း ဖတ်ရှုကြစေလိုပါကြောင်း မှာကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ MRTV DTH စလောင်း အစုံ ၅၀ နှင့် စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က MRTV DTH စလောင်း ၁၀ စုံကို တက်ရောက်လာသူများအား မဲဖောက်၍ ပေးအပ်ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေးအတွက် ငွေကျပ် ၁၀၈ သိန်းကျော်နှင့် စာကြည့်တိုက်များ အတွက် စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက ဒေသစာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ညောင်ရွှေမြို့ အ.ထ.က (ဟဲယာရွာမ) မှ ကျောင်းသား ကျောင်းသူများက အင်းတိုင်းရင်းသားရိုးရာ အဆို/အကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဖျော်ဖြေတင်ဆက်ခဲ့ကြ သည့် အဆို/အက အဖွဲ့များအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ဦးစီးဆောင်ရွက်မှုနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,