လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြား

လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 22, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၁

နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးဆောင်ရွက်ရန်အတွက် ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ကြိုးပမ်းဆောင်ရွက်

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသတွင်းဆန်ဖူလုံမှုရှိကြောင်း စာရင်းဇယားများအရ တွေ့ရသော်လည်း စပါးတစ်ဧကချင်း၏ ပန်းတိုင်အထွက်နှုန်း ရရှိရေးကြိုးပမ်းကြရန်လိုအပ်လျက်ရှိကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းပညာများ ကူညီဖြည့်ဆည်းပေးခြင်းကို ဝန်ထမ်းများကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်သကဲ့သို့ တောင်သူအချင်းချင်း နည်းစနစ်များဖြန့်ဝေခြင်း၊ အသိပညာဖလှယ်ခြင်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ အလားတူရေမြေရာသီဥတုနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံများကို သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စနစ်တကျကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။

ဒေသအတွင်း စားရေရိက္ခာဖူလုံပိုလျှံရေးဆောင်ရွက်ရာတွင် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်ရေးနှင့် အသားငါးကဏ္ဍဖွံ့ဖြိုးရေးကို တစ်ပြိုင်တည်းဆောင်ရွက်ရန်၊ ဒေသနေပြည်သူများ၏ စားသုံးမှုကို ဖူလုံပိုလျှံသော ထုတ်လုပ်မှုဖြစ်စေရေး ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်ဆောင်ရွက်ပြီး လယ်ယာသားငါးကုန်ထုတ်လုပ်မှုကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) လုပ်ငန်းများဖွံ့ဖြိုးရေးကို ဝိုင်းဝန်းပံ့ပိုးကြိုးပမ်းကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီမံဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ လုပ်ငန်းများ အတွက်အရေးပါသည့်စာရင်းဇယားများ မှန်ကန်စွာ ကောက်ခံတင်ပြနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေစည်းမျဉ်းစည်းကမ်းအမိန့်နှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာပြီး ကျင့်ဝတ်သိက္ခာနှင့် လျော်ညီစွာကျင့်ကြံနေထိုင်ကြရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,