လုပ်ငန်းရှင်များ၊ တောင်သူများနှင့် Rice Export Zone အကောင်အထည်ဖော်ရေး တွေ့ဆုံဆွေးနွေး
လုပ်ငန်းရှင်များ၊ တောင်သူများနှင့် Rice Export Zone အကောင်အထည်ဖော်ရေး တွေ့ဆုံဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 12, 2026
နေပြည်တော် မေ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် မေ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြန်မာ့ဆန်စပါး သုတေသနဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ Rice Export Zone (REZ) များ ထူထောင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များ၊ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသည့် Drum Seeder ၅၀ နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သည့် သဘာဝမြေဩဇာများကို တောင်သူများထံ ပေးအပ်သည်။
အရည်အသွေး ကောင်းမွန်သောဆန်များ ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိစေရန်နှင့် စပါးစိုက်တောင်သူ ဦးကြီးများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်က “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ” ဖြင့် Rice Export Zone (REZ) များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Posted on May 11, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
သတင်းထုတ်ပြန်ချက်
Posted on May 11, 2026
