လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး(၁/၂၀၂၅) ကျင်းပခြင်း

လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး(၁/၂၀၂၅) ကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 31, 2025


လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ၊ အစည်းအဝေး (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ တရားလွှတ်တော်‌ရှေ့နေများကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌ၊ ဒုတိယစာရင်းစစ်ချုပ်၊ ကောင်စီဝင်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌက လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းများကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီသွက်လက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်နှင့်ကောင်စီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုအစည်းအဝေးပွဲကို ကျင်းပရခြင်းဖြစ် ပါကြောင်း၊ လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များထိရောက်စွာ စီမံခန့်ခွဲပြီး ဥပဒေပါလုပ်ငန်းတာဝန်များ ကိုအောင်မြင်စွာ ဆောင်ရွက်ရာတွင် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများသည် အဓိကပါဝင်ဆောင် ရွက်ရသူများ ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝပြီး အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်သည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ‌ပေါ်ထွက်လာစေရေးသည် အလွန်အရေးကြီးသဖြင့် ကျွမ်းကျင် သူများ၏ ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ ဥပဒေ၊ နည်းဥပဒေများသိရှိနားလည်ပြီး လိုက်နာ ကျင့်သုံးနိုင်စေရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

သို့ပါ၍ ကောင်စီဝင်များအနေဖြင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပါ ရည်မှန်းချက်များကို အရည် အသွေးပြည့်ဝပြီး လုပ်ငန်းပိုင်းဆိုင်ရာနှင့်အပြုအမူပိုင်းဆိုင်ရာကျင့်ဝတ်များ လိုက်နာမှု အားကောင်း သည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။

ထို့နောက် ကောင်စီဝင်များနှင့်တက်ရောက်လာသူများက ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ အတည်ပြုရန်နှင့် မှတ်တမ်းတင်ရန်ကိစ္စများ၊ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်း၏ ၂၀၂၅ ခုနှစ် နှစ်ဝက်ကာလအတွင်း လုပ်ငန်းဆောင် ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးကြပြီး ပြည်ထောင်စု စာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

Posted on Jul 31, 2025

ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 31, 2025

စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း