လူသိနည်းပါးသော (လျစ်လျူရှုခံ) မျိုးစိတ်များအပေါ် အခြေခံသည့် အပင်မျိုးဗီဇအရင်းအမြစ်ထိန်းသိမ်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လူသိနည်းပါးသော (လျစ်လျူရှုခံ) မျိုးစိတ်များအပေါ် အခြေခံသည့် အပင်မျိုးဗီဇအရင်းအမြစ်ထိန်းသိမ်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 10, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၉

လူသိနည်းပါးသော (လျစ်လျူရှုခံ) မျိုးစိတ်များအပေါ် အခြေခံသည့် အပင်မျိုးဗီဇအရင်းအမြစ်များ ထိန်းသိမ်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။

တက်ရောက်

အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် စားရေရိက္ခာနှင့် ဆေးဖက်ဝင်အပင်၊ ထူးခြားသော အပင်မျိုးစိတ်များ ကြွယ်ဝစွာရှိသဖြင့် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုကို ကိုယ်စားပြုပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းမှုမရှိသေးဘဲ လျစ်လျူရှုခံနေရသော အပင်မျိုးစိတ်များကို ပျောက်ဆုံးမှုမရှိရန် ထိန်းသိမ်းခြင်းသည် ပြည်ထောင်စုကြီး၏ သဘာဝအမွေအနှစ်ကို ထိန်းသိမ်းခြင်းပင်ဖြစ်ပါကြောင်း၊ မျိုးရိုင်းများတွင်ရှိသော ထူးကဲသည့် လက္ခဏာများကို အသုံးပြု၍ အထွက်ကောင်းမျိုးများ ထုတ်လုပ်ခဲ့ပါကြောင်း။

လျစ်လျူရှုခံ မျိုးစိတ်များကို ပျောက်ကွယ်မျိုးသုဉ်းမှုမရှိစေရန် ပြန်လည်ထိန်းသိမ်းကာကွယ်ခြင်းဖြင့် မိမိတို့နိုင်ငံတွင် အပင်မျိုးစိတ်များ၏ ကြွယ်ဝမှုကို မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါမျိုးစိတ်များတွင် ပါဝင်သည့် ဓာတုဒြပ်ပေါင်းများကို ရှာဖွေဖော်ထုတ်ပြီး လူသားများ၏ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနယ်ပယ်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လူသားအကျိုးပြုတန်ဖိုးမြင့်ထုတ်ကုန်များကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက “လူသိနည်းပါးသော (လျစ်လျူရှုခံ) မျိုးစိတ်များအပေါ် အခြေခံသည့် အပင်မျိုးဗီဇအရင်းအမြစ်ထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ စာရင်းပြုစုခြင်းများ ဆောင်ရွက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မျိုးစိတ်စုစုပေါင်း ၂၈၉ မျိုးကို စာရင်းပြုစုနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Feb 10, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Posted on Feb 09, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 08, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Posted on Feb 07, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Posted on Feb 06, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Posted on Feb 04, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on Feb 10, 2026

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Posted on Feb 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရပါသဖြင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Posted on Feb 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရပါသဖြင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။