လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငှက်လွှတ် ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်း အခမ်းအနားကျင်းပ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငှက်လွှတ် ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်း အခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 18, 2025
image_latest


နေပြည်တော် ဧပြီ ၁၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငှက်လွှတ် ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများက မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဇီဝိတဒါနအဖြစ် ငါးမြစ်ချင်း ငါးသားပေါက်များနှင့် ငှက်များအား ကုသိုလ် မင်္ဂလာပြု၍ စုပေါင်းဘေးမဲ့လွှတ်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ဗဟိုသင်တန်းကျောင်း စားရိပ်သာ၌ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်ဇနီး မိသားစုတို့က မြန်မာနှစ်ဆန်း တစ်ရက်နေ့ စတုဒိသာအဖြစ် လှူဒါန်းသည့် ရွှေရင်အေးနှင့် နံနက်စာ၊ အလှူရှင်များက လာရောက်လှူဒါန်းသည့် ငါးပိကြော်ဘူးနှင့် ချဉ်ပေါင်ရွက် ကြော်ဘူးများကို ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများအားပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်းဝန်ကြီးဌာနရှိ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့်မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် China Southern Power Grid (CSG) မှ လာရောက်လှူဒါန်းသည့် ယာယီရွက်ဖျင်တဲများအနက်မှ တပ်ဆင် တည်ဆောက်ပြီးစီးသည့်တဲများနှင့် သင်တန်း ဆောင်များအတွင်း အခန်းများဖွဲ့စည်းပြီးသည့်ခန်းမများတွင် နေထိုင်လျက်ရှိသည့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအားနေရာချထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်းသတင်းရရှိသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။


Posted on Apr 19, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။


Posted on Apr 18, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 17, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Posted on Apr 12, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Posted on Apr 11, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Posted on Apr 10, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

Posted on Apr 17, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

HOT NEWS
January 4,