သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများက စာရင်းကျွမ်းကျင်သူများ မွေးထုတ်

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများက စာရင်းကျွမ်းကျင်သူများ မွေးထုတ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 04, 2025
image_latest


နေပြည်တော် ဇွန် ၃

သမဝါယမကဏ္ဍက အရည်အချင်းပြည့်မီသော စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံပညာ Grade - 9 အောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများ တက်ရောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစကာ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) များတွင် အခြေခံပညာကျောင်းများကဲ့သို့ နှစ်စဉ် ဇွန်လမှ ဖေဖော်ဝါရီလအထိ သင်တန်းကာလကိုးလဖြင့် သုံးနှစ်သင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။

သင်တန်းကျောင်းများက သင်တန်းတက်ရောက်သည့် ကျောင်းသား ကျောင်းသူများအား သင်တန်းတက်ရောက်စဉ်ကာလအတွင်း အခမဲ့စားသောက်နိုင်ရေးစီစဉ်ပေးခြင်း၊ နေထိုင်ရေးအတွက် အဆောင်များ စီစဉ်ထားရှိခြင်း၊ ပညာသင်ကြားရေးအတွက် စာရေးကိရိယာများ၊ ပြဋ္ဌာန်းစာအုပ်များအပြင် ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လငွေကျပ် ၁၀၀၀၀ နှုန်း ထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါ သုံးနှစ်သင်တန်းတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာအထက်တန်းအဆင့် Grade - 10, Grade -11,Grade -12 တို့၌ သင်ကြားသော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ Accounting နှင့် Computer ဘာသာရပ်များကို သင်တန်းကာလအတွင်း စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး လက်တွေ့လုပ်ငန်းခွင်ဝင်ရာတွင် အသင့်ဖြစ်စေရန်အတွက် Internship Program များနှင့် ကုမ္ပဏီ၊ စီးပွားရေးအသင်းအဖွဲ့များသို့ သွားရောက်ကွင်းဆင်းလေ့လာနိုင်ရေး ဆောင်ရွက်သင်ကြားပေးလျက်ရှိသည်။ သင်တန်းပြီးမြောက်အောင်မြင်သူများကို လက်မှတ်ရ စီးပွားရေးစာရင်းကိုင်ပညာ (Certificate in Business Accounting) အောင်လက်မှတ်ပေးအပ်ချီးမြှင့်လျက်ရှိသည်။ သင်တန်းပြီးမြောက်အောင်မြင်၍ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများသည် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများမှ သင်တန်း ပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းများကို ဖိတ်ခေါ်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးကာ စာရင်းကျွမ်းကျင်သူများအား မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်

Posted on Jun 4, 2025

အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်

HOT NEWS
January 4,