သိပ္ပံပွဲတော် ၂၀၂၅ တတိယနေ့ ရန်ကုန်မြို့၌ ဆက်လက်ကျင်းပ
သိပ္ပံပွဲတော် ၂၀၂၅ တတိယနေ့ ရန်ကုန်မြို့၌ ဆက်လက်ကျင်းပ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / November 28, 2025
ရန်ကုန်၊ နိုင်ဝင်ဘာ ၂၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဥ်သော သိပ္ပံပွဲတော် ၂၀၂၅ (Science Festival 2025) တတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့တွင် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ROSATOM နှင့် ရုရှားနိုင်ငံ National Research Nuclear University MEPhI (Moscow Engineering Physics Institute) တို့မှ တာဝန်ရှိသူများနှင့် ပါမောက္ခများ၊ ပညာရေးဝန်ကြီးဌာန နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံကျောင်းများမှ ပါမောက္ခများ၊ သုတေသီများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပေါင်း ၂၅၀ ဦးခန့် တက်ရောက်ကြသည်။
တတိယနေ့အစီအစဥ်များအရ ယနေ့နံနက် ၉း၀၀ နာရီ၌ အဆိုပါ စင်တာ၌ DIY Science Section အဖြစ် ကိုယ်တိုင်ဖန်တီးနိုင်သော သိပ္ပံနှင့် နည်းပညာရပ်များကို လက်တွေ့ပြုလုပ်ခြင်းပြိုင်ပွဲ၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးသည် စက္ကူနှင့် တိပ်များကို အသုံးပြုပြီး အမြင့်ဆုံး Tower တည်ဆောက်ခြင်းကို အဖွဲ့လိုက် စိတ်ဝင်စားပျော်ရွှင်စွာ ယှဉ်ပြိုင်ကြခြင်းများ ပြုလုပ်ခဲ့ပါသည်။ ယင်းနောက် Big-Journey : North Pole ဟောပြောပွဲအစီအစဉ်၌ မြောက်ဝင်ရိုးစွန်းသို့ နျူကလီးယားရေခဲခွဲ သင်္ဘောဖြင့် သွားရောက်ခဲ့သည့် မြန်မာကျောင်းသူတစ်ဦး၏ အတွေ့အကြုံများနှင့် MEPhI မှ ပါမောက္ခ တစ်ဦးက နျူကလီးယားရေခဲခွဲသင်္ဘောကို ရွှေ့လျားမောင်းနှင်းစေသည့် အကြောင်းအရာများကို ရှင်းလင်းမျှဝေ ကြပါသည်။ မွန်းလွဲပိုင်း၌ Pathways to Russia: Career Insights : ရုရှားနိုင်ငံသို့လမ်းကြောင်းများ - အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိအမြင်များ ဆွေးနွေးခြင်း အစီအစဉ်တွင် ရုရှားတက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေသော မြန်မာ ကျောင်းသား၊ ကျောင်းသူများက အတွေ့အကြုံများကို အွန်လိုင်းမှ မျှဝေဆွေးနွေးပေးခဲ့ကြပါသည်။ ညနေပိုင်း၌ “The Science Movies Alimanac” ရုပ်ရှင်တိုပြသခြင်း အစီအစဉ်တွင် စွန့်ပစ်စပါးခွံများမှ စီလီကာနှင့် ကာဗွန်တို့ကို ထုတ်ယူကာ အဆိုပါ ကာဗွန်မှ အစိမ်းရောင် စွမ်းအင်ဖြစ်သော ဘက်ထရီထုတ်လုပ်မှု၊ အီဂျစ်နိုင်ငံရှိ ငါးလုပ်ငန်းဖွံ့ဖြိုးလျက်ရှိသော ဒေသတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း၊ ရုရှားရေနံကုမ္ပဏီတစ်ခုက မီသိန်းဓာတ်ငွေမှ ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့် သုတေသနအောင်မြင်မှုအကြောင်းတို့ကို ပြသပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပညာရှင်တစ်ဦးစီတို့က ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်သူများ၏ မေးခွန်းများကို ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
တစ်ပြိုင်နက်တည်း ရန်ကုန်နည်းပညာတက္ကသိုလ်တွင်လည်း နံနက်ပိုင်းကစ၍ “Hackatom” ပြိုင်ပွဲ အစီအစဉ်ကို ကျင်းပရာ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ခန့်တက်ရောက်၍ ရုရှား-မြန်မာ နှစ်နိုင်ငံမှ ကြီးကြပ်သူများမှ ပြိုင်ပွဲစည်းမျဉ်းများကို ရှင်းပြပြီးနောက် အမေးအဖြေကဏ္ဍဖြင့် ဆက်လက် ဆောင်ရွက်ကြပြီး အဖွဲ့လိုက် ဆွေးနွေးကာ အချက်အလက်များကို ပြုစု၍ IT Software Application များ၊ PowerPoints များကို ၂၄ နာရီအတွင်း ရှင်းလင်းတင်ပြနိုင်ရေး စတင်ဆောင်ရွက်ကြရာ ဒုတိယဝန်ကြီးက လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Nov 26, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
Posted on Nov 27, 2025သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူး ၉၀ နေရာ၊ အမှုတွဲထိန်းနှင့်အဆင့်တူရာထူး ၁၀ နေရာ၊ ရုံးအကူ/ စာပို့နှင့်အဆင့်တူ ရာထူး ၁၅...
Posted on Nov 27, 2025လျှောက်လွှာပုံစံ- Form
