အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် နှင်းပုလဲနှင့် တောင်စွန်းဘူတာအကြား ရထားတံတားအမှတ် (၆၅) ပြုပြင်ပြီးစီး၍ ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားများ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် နှင်းပုလဲနှင့် တောင်စွန်းဘူတာအကြား ရထားတံတားအမှတ် (၆၅) ပြုပြင်ပြီးစီး၍ ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားများ ပြန်လည်ပြေးဆွဲပေးလျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 11, 2025
image_latest


နေပြည်တော် မေ ၁၀

ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာအကြား မိုင်တိုင်အမှတ် ၁၁၂/၁၀-၁၁ ရှိ ပေ ၂၀ သံပေါင် ခန်းဖွဲ့ သုံးခုပါ အရှည်ပေ ၆၀ ရှိ ရထားတံတားအမှတ် (၆၅) အောက်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် နှင်းပုလဲနှင့် တောင်စွန်းရထားလမ်းပိုင်းအား မေ ၆ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရပြီး ရန်ကုန် - မော်လမြိုင် - ရန်ကုန်ပြေးဆွဲနေသော အမှတ် (၈၁) အဆန်/ (၈၂) အစုန် လူစီးရထားများအား ယာယီရပ်နားခဲ့ရသည်။

မြန်မာ့မီးရထားအနေဖြင့် ယာယီပိတ်ထားရသည့် ရထားလမ်းပိုင်းအတွင်း ရထားစီးခရီးသွား ပြည်သူများအဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များ အဆင်ပြေစွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် မြန်မာ့မီးရထားတာဝန်ရှိသူများနှင့် လုပ်သားများက တံတားအောက်ခြေနှင့် ကမ်းကပ်ခုံနှစ်ဖက်ရှိ မြေကြီးနှင့်ကွန်ကရစ်များ ရှင်းလင်းခြင်း၊ တံတားသံပေါင်များနှင့် သံလမ်းများ ဖယ်ရှားရှင်းလင်းခြင်း၊ တံတားရေလယ်တိုင်ကို ပိုင်ရိုက် ကျောက်စီခြင်းနှင့် ဘေလီတံတားပေါင်တပ်ဆင်ခြင်း စသည့်တံတားနှင့် ရထားလမ်းပြုပြင်ဆောင်ရွက် ခြင်းလုပ်ငန်းများကို မေ ၆ ရက်မှ ယနေ့အထိ နေ့၊ ည မပြတ်ဆောင်ရွက်ခဲ့ကြပြီး သံလမ်းပြေးယာဉ် RGC ဖြင့် စမ်းသပ်ပြေးဆွဲ၍ ယနေ့နံနက် ၀၀:၃၀ နာရီတွင် လမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားလမ်းပိုင်းပြန်လည်ဖွင့်ပြီး ရန်ကုန်မှ ယနေ့နံနက် ၇ နာရီတွင် စတင် ထွက်ခွာ သည့် အမှတ် (၈၁) အဆန် ရန်ကုန်-မော်လမြိုင်ရထားနှင့် မော်လမြိုင်မှ နံနက် ၈ နာရီစတင် ထွက်ခွာသည့် အမှတ် (၈၂) အစုန်လူစီးအမြန်ရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်။

ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်- မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား- တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန် - ပြည် - ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း - သာရဝေါလမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Posted on May 12, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Posted on May 11, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Posted on May 10, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025
HOT NEWS
January 4,