အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 05, 2025
image_latest


၁။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က)    ပြိုင်ပွဲဝင်များသည် ၁၀ နှစ်မှ ၁၅ နှစ်၊ ၁၆ နှစ်မှ၂၀ နှစ်၊ ၂၁ နှစ်မှ ၂၅ နှစ်ဟူ၍ အသက်အရွယ် အပိုင်းအခြား(၃)ခုခွဲခြား၍ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်)လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

(ခ)   ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့်အညီ Hard Copy၊ Soft Copy (၂)စုံပြုစု၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀)နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ myatthujack@gmail.com သို့ e-mail ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက် နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website: www.moculture.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဦးမြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အနုပညာဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝ၉-၅၁၆၁၁၂၇ နှင့် ဦးလင်းဝေ အောင်၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၃၁၈၅၁၂၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

(၁) Format   JPG A3 (297 x 420 mm) with the correct aspect ratio ၊

(၂) Resolution         300 dpi ၊

(၃) File Size 15 Mb ထက်မပိုစေရ။ ၁၀ file ထက် မပိုရပါ၊

(၄) ပိုစတာရေးဆွဲရာတွင် tablet များ၊ stylus များ၊ ကွန်ပျူတာပရိုဂရမ်များ အသုံးပြု၍ ဂရပ်ဖစ်နည်းပညာဖြင့် ဖန်တီးရမည်။

(ဂ)     ပန်းချီနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့်အညီ ပန်းချီ(မူရင်း)နှင့်အတူ Hard Copy (၂)စုံနှင့် Soft Copy CD (၁)ချပ် ပြုစု၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀)နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website: www.moculture.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါက်တာလဲ့လဲ့အောင်၊ ညွှန်ကြားရေးမှူး၊ အနုပညာ ဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝ၉-၅၁၉၄၁၁၂ နှင့် ဒေါ်နန်းရတနာထွန်း၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၅၁၂၃၅၂၁၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

(၁) File Submission Format         JPG ၊ A3 (297x420 mm) with correct aspect ratio ၊

(၂) Resolution 300 dpi ၊

(၃) File Size 15 Mb ထက်မပိုစေရ၊ ၁၀ file ထက် မပိုရပါ။

(၄) ပန်းချီရေးဆွဲရာတွင် Pencil ၊ Felt-tip Pen ၊ Crayons ၊ Paints ၊ Sketch Markers ၊ Sepia ၊ Sanguine ၊ Charcoal ၊ Ink ၊ Capillary Pen စသည့်ကိရိယာများအသုံးပြု၍ ရေးဆွဲနိုင်သည်။ အီလက်ထရောနစ်ပစ္စည်းများအသုံးပြု၍ ရေးဆွဲခြင်းမပြုရ။          

(ဃ) ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့်အညီ Soft Copy (CD) ၂ ချပ်ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၇၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀)နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ ms.khinmoeou@gmail.com သို့ e-mail ဖြင့်ဖြစ်စေပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ပြန်ကြားရေးဝန်ကြီးဌာန၏ www.mrtv.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါ်ခင်မိုးဥ၊ ညွှန်ကြားရေးမှူး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝ၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဝ၉-၄၀ဝ၄၀၅၆၇၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

(၁)     Format         mp 4 ၊

(၂)      Resolution    3840 x 2160 p ထက်မပိုစေရ၊

(၃)     File Size       300 Mb ထက်မပိုစေရ၊

(၄)     Duration       120 Seconds ထက်မပိုစေရ၊

(၅)     Sound 16-bit, stereo ၊ ၁၀ ဖိုင်ထက် မပိုရပါ။

၃။ ပြိုင်ပွဲဝင်လက်ရာများတွင် ပြိုင်ပွဲဝင်လက်ရာ၏ခေါင်းစဉ်၊ ရှင်းလင်းချက်စာသား (ပိုစတာများနှင့် ပန်းချီများအတွက်) သို့မဟုတ် တည်းဖြတ်ထားသော စာတန်းထိုးများ (ဗီဒီယိုများအတွက်)ကို ရုရှားဘာသာသို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြရန်နှင့် ပြိုင်ပွဲဝင်လက်ရာဖန်တီးသူ၏ Last name၊ First Name ၊ အသက်(ဖန်တီးမှုအဖွဲ့လိုက်ဖြစ်ပါက တစ်ဦးချင်း၏ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါ အချက်အလက်များ)နှင့် နိုင်ငံစသည့်အချက်အလက်များ ပါဝင်ရမည်။

၄။ ပြိုင်ပွဲဝင်ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုတို့အနက်မှ ပထမဆုရရှိသည့် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပေးပို့ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပထမဆုအပါအဝင် အကောင်းဆုံးပိုစတာ၊ ပန်းချီနှင့် ဗီဒီယို (၁၀)ခုစီကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုဆောင်ရွက်ချက်များအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံး၏ Website သို့ ပေးပို့ သွားမည်ဖြစ်ပါသည်။

၅။      ပြိုင်ပွဲဝင်များသည် အောက်ပါအချက်များကို လိုက်နာရမည်-

(က)    တည်ဆဲဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဆန့်ကျင်သောစာသားများ၊ ဇာတ်ကွက်များ၊ သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထည့်သွင်းခြင်းမပြုရ၊

(ခ)     မူပိုင်ခွင့်ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်၊

(ဂ)     ပြိုင်ပွဲဝင် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုများအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေးရမည်၊

(ဃ)    ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါအချက်များကို မှန်ကန်စွာ ဖြည့်စွက်ပေးပို့ ရမည်၊

(င)     ပြိုင်ပွဲဝင်ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုတို့ကို Artificial Intelligence (AI) နည်းပညာအသုံးပြု၍ ယှဉ်ပြိုင်ခြင်းမပြုရ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်


၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Aug 4, 2025

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

Posted on Aug 4, 2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ

Posted on Aug 4, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။