အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ တာဝန်ရှိသူများတက်ရောက် ကြသည်။

ဦးစွာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးသည် အွန်လိုင်းမှ ရုပ်ရှင်များနှင့်ဗီဒီယိုဇာတ်ကားများကို တရားမဝင်ခိုးယူမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်တားဆီးရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ တတိယအကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ခဲ့သည့် အချက်များအနက်မှ အင်တာနက်အသုံးပြုပြီး ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ထုတ်လွှင့်ပြသနေသည့် အွန်လိုင်းပလက်ဖောင်းများ တရားဝင်လိုင်စင်ပြုလုပ်ပေးနိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာ Application များ ဖြင့်ထုတ်လွှင့်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ဇာတ်ကားများကို ထုတ်လွှင့်ပြသခြင်း စသည့်လုပ်ငန်းများကိုစိစစ်ပြီး တရားဝင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ဇာတ်ကားများကို တင်ပြလာပါက စိစစ်ပေးနိုင်ရန် စိစစ်ရေးအဖွဲ့ကိုလည်း အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ရုပ်ရှင်နှင့်ဇာတ်ကားများ တရားမဝင်ခိုးယူဖြန့်ချိခြင်းများနှင့်စပ်လျဉ်း၍ တိုင်းကြားလာပါက အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်နိုင်ရန် Contact List အဖြစ် အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များကို Viber နှင့် Telegram တို့တွင် Group များဖွဲ့ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းမှ ရုပ်ရှင်များနှင့်ဗီဒီယိုဇာတ်ကားများကို တရားမဝင်ခိုးယူပြီး ထုတ်လွှင့်နေမှုများကိုလည်း ပြည်သူများသိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း။

ငွေကြေးအကုန်အကျခံကာ ထုတ်လုပ်ထားသည့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ တရားမဝင် ခိုးယူဖြန့်ချိမှုပပျောက်ရန် ဝိုင်းဝန်းတိုက်ဖျက်သွားကြရမည်ဖြစ်ပြီး မည်သို့ကာကွယ်ဆောင်ရွက်ရမည်ကို ဆွေးနွေးကြစေလိုကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရန် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်သွယ်တိုင်ကြားနိုင်ရေးအဖွဲ့ခွဲ၊ စောင့်ကြည့်စိစစ်လေ့လာရေးအဖွဲ့ခွဲ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ခွဲ၊ အရေးယူဆောင်ရွက်ရေးအဖွဲ့ခွဲနှင့် အသိပညာပေးရေးအဖွဲ့ခွဲများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြကြရာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Posted on Sep 27, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Sep 26, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 25, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Sep 24, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 22, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ရေကြောင်းသတိပေးချက်

Posted on Sep 26, 2024

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 ရှိ ဇောတိကစီမံကိန်းနှင့် ကမ်းလွန်လုပ်ကွက်အမှတ်၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Sep 25, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း