အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / July 11, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင်စိုက်ပျိုးပွဲကို ၁၁-၇-၂၀၂၅ ရက်၊ သောကြာနေ့၊ နံနက် ၀၇း၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင်တိုင် ၂၆/၆တွင် ကျင်းပရာ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူကြီးဝင်းကျော်သူ၊ မန္တလေးတိုင်း ဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်၊ ညောင်ဦး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀၀ ဦး တက်ရောက်ကြပါသည်။
သစ်ပင်စိုက်ပွဲတွင် ဒုတိယဝန်ကြီးမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်းအားလည်းကောင်း၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဝင်းကျော်သူမှ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူ ဒေါ်ခင်တင့်တင့်အောင်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်မှ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းသို့လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်မင်းညိုမှ ညောင်ဦးခရိုင် အမျိုးသမီးရေးအဖွဲ့ ဥက္ကဌ ဒေါ်နီလာဟိန်းသို့လည်းကောင်း၊ ပျိုးပင်များ အသီးသီးပေးအပ်၍ ဒုတိယဝန်ကြီးမှ မဟော်ဂနီပင်အား ဦးဆောင် စိုက်ပျိုးပေးပြီး သစ်ပင်စိုက်ပျိုးပွဲအား လှည့်လည်ကြည့်ရှု့အားပေးသည်။
သစ်ပင်စိုက်ပွဲတွင် မန်ကျည်း၊ သစ်ပိတောက်၊ ပန်းပိတောက်၊ ရင်းမာ၊ မဟော်ဂနီ၊ ကုက္ကို၊ မဲဇလီ၊ ပဲချယ်ရီ၊ တမာ၊ ထနောင်း၊ ရှား သစ်မျိုး ၁၁ မျိုး စုစုပေါင်း (၃၀၀၀)ပင် စိုက်ပျိုးခဲ့သည်။
အသိပေးကြေညာခြင်း
Posted on Jul 11, 2025ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
Posted on Jul 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)