အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 01, 2024


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ဧည့်သည်တော်များသည် ခရိုင် (၈)ခရိုင်မှပြသထားသည့် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းများ၊ Gasifier၊ ဆားလုပ်ငန်းများ၊ စားသောက်ကုန်များအရောင်း ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်ပြခန်းများအလိုက် စက်မှုထုတ်ကုန်များ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အကျိုးပြုမှုအခြေအနေများအား စနစ်တကျရှင်းလင်းစေရေး၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုထုတ်ကုန်များ၊ ဒေသထွက်ကုန်များပိုမို ထုတ်လုပ် စေရေး၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အများပြည်သူများ လေ့လာနိုင်ရေးအတွက် ၂၉.၄.၂၀၂၄ရက်နေ့မှ ၁.၅.၂၀၂၄ရက်နေ့အထိ ပြသရောင်းချသွားမှာဖြစ်ကြောင်းသိရသည်။


၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ မေ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 22, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on May 21, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

HOT NEWS
January 4,