အမျိုးသားတစ်ဦးကို ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း၌ အဓမ္မအလုပ်ခိုင်းစေပြီး ရရှိသောလုပ်အားခငွေများ ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

အမျိုးသားတစ်ဦးကို ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း၌ အဓမ္မအလုပ်ခိုင်းစေပြီး ရရှိသောလုပ်အားခငွေများ ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 01, 2026
image_latest


နေပြည်တော် ဧပြီ ၃၀

အမျိုးသားတစ်ဦးကို ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း၌ အဓမ္မအလုပ်ခိုင်းစေပြီး ရရှိသောလုပ်အားခငွေများအား ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 ဖြစ်စဉ်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အမျိုးသားတစ်ဦးကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်နေသည့် Video File ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နေ ဦး -----၊ ၄၄ နှစ်သည် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှ မင်းလှမြို့သို့ ပြန်ရန် ကားစောင့်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးက မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာတွင် ငါး၊ ပုစွန်ရွေးသည့် အလုပ်လုပ်ကိုင်လိုပါက ရေးမြို့သို့ ထွက်ခွာသည့်ကားဖြင့် လိုက်သွားနိုင်ကြောင်း ပြောသဖြင့် လိုက်ပါသွားခဲ့ရာ ရေးမြို့ ဇီးဖြူသောင်ကျေးရွာထိပ်တွင် ကားရပ်ပေးသဖြင့် ကားပေါ်မှ ဆင်းခဲ့ရာ ကားဂိတ်အနီးနေအိမ်တစ်ခု မှ ဦးမင်းနိုင်ဆိုသူက ထွက်လာပြီး အလုပ်လုပ်ကိုင်လိုပါက ငါး၊ ပုစွန် ရွေးသည့် အလုပ်ရှိကြောင်းပြောသဖြင့် ၎င်းက အလုပ်လုပ်ရန် ဦးမင်းနိုင်၏နေအိမ်တွင် တစ်ညအိပ်ခဲ့ကြောင်း။

နောက်တစ်နေ့တွင် ဦးမင်းနိုင်က အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး စာရွက်တစ်ခုပေါ်တွင် လက်မှတ်ထိုးခိုင်းသဖြင့် စာမဖတ်ကြည့်ဘဲ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း၊ ထို့နောက် ဦးမင်းနိုင်က ၎င်းအား ကျားဖောင်ပေါ်တွင် ငွေအသုံးမလို၍ လုပ်အားခ ငွေကျပ် ၁၀ သိန်းနှင့် မှတ်ပုံတင်အား ၎င်းမှသိမ်းဆည်းပေးထားမည်ဟု ပြောဆို၍ ကျားဖောင်တစ်ခုပေါ်သို့ ပို့ဆောင်ခဲ့ရာ ကျားဖောင်ပေါ်တွင် ဖောင်ဦးစီး ဦးစိုးပိုင်နှင့် အခြားဖောင်လုပ်သားများကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းမှာ ကျားဖောင်ပေါ်တွင် ထမင်းချက်၊ ပုစွန်ပြုတ်၊ ပုစွန်အကြီး အသေးရွေးသည့်အလုပ်နှင့် ထမင်းချက်သည့် အလုပ်ကို နေ့စဉ်လုပ်ကိုင်ရပြီး ကျန်အလုပ်များလည်း ကူညီလုပ်ကိုင်ရကြောင်း၊ အလုပ်ပင်ပန်းပြီး မအိပ်ရသည့် ရက်များလာသဖြင့် ၁၀ ပိဿာခန့်ရှိ ပုစွန်များ နေလှန်းရန် ကျားဖောင်အပေါ်သို့ ဆွဲတင်ရာတွင် ၎င်းမှ အောက်ကပင့်တင်ပေးသည့်အလုပ်အား လုပ်ခိုင်းရာ မတင်နိုင်သဖြင့် ကျားဖောင်ဦးစီး ဦးစိုးပိုင်က အပြစ်ပေးသည့်အနေဖြင့် ထမင်း ၄/၅ ရက်ခန့် မကျွေးသဖြင့် ကျားဖောင်ပေါ်တွင် အကောင်သေး၍ ပယ်ထားသော ငါး၊ ပုစွန်များသာ စားသောက်ခဲ့ရကြောင်း။

ပုစွန်ပင့်တင်ပေးသည့် အလုပ်အား ထပ်မံခိုင်းရာ မလုပ်နိုင်သဖြင့် ဖောင်ဦးစီး ဦးစိုးပိုင်က ကြိုးတုပ်၍ ဝါးရင်းတုတ်ဖြင့်ရိုက်ခြင်း၊ ပုစွန် ရွေးရာတွင် အနည်းငယ်ကျန်သဖြင့် ပါးစပ်ဖြင့်ကိုက်ကာ ကျားဖောင် ပေါ်မှ လွှင့်ပစ်ခိုင်းခြင်း၊ ခွေးကဲ့သို့ အူခိုင်းခြင်း၊ ကျားဖောင်ပေါ်တွင် အသုံးပြုသည့် နိုင်လွန်ကြိုးဖြင့် ရိုက်နှက်ခြင်း၊ နားနှစ်ဖက်အား လက်သီးဖြင့် ထိုးခြင်း၊ မျက်နှာအား ခြေထောက်ဖြင့်ကန်ခြင်းများ ပြုလုပ်သဖြင့် ဝဲဘက်နဖူးကွဲခြင်း၊ မျက်ခုံးကွဲခြင်း၊ ဦးခေါင်းထိပ်ကွဲခြင်း၊ ဝဲလက်ဖျံ ရိုးကျိုးခြင်း၊ အပေါ်သွားငါးချောင်း၊ အောက်သွားနှစ်ချောင်း ကျိုးခြင်းစသည့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ခံခဲ့ရကြောင်း၊ ခြောက်လခန့်အကြာ ကျားဖောင်ပေါ်မှ ကမ်းသို့ ပြန်လည်ရောက်ရှိသဖြင့် ဦးစိုးပိုင်၏ ရိုက်နှက် မှုကြောင့် ရရှိသောဒဏ်ရာများကို ဆေးကုသခဲ့ပြီး ဦးမင်းနိုင်၏ နေအိမ်သို့ သွားရောက်ခဲ့ရာ နေအိမ်မှာ သော့ပိတ်ထားသဖြင့် လုပ်အားခငွေများ နှင့် မှတ်ပုံတင်တို့ မရရှိခဲ့ဘဲ ရွာသို့ပြန်ခဲ့ကြောင်း၊ ရွာသို့ ပြန်ရောက်ခဲ့ပြီး ၎င်းအား ဖောင်ဦးစီး ဦးစိုးပိုင်က ညှဉ်းပန်းနှိပ်စက်သည့် Video File မှာ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိကြောင်း စိစစ်သိရှိရသဖြင့် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မော်လမြိုင်) မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ ရေးမြို့မရဲစခန်း (ပ) ၅၈/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်တွင် ရေးခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မင်းနိုင် အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စိုးပိုင်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Posted on May 01, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Apr 28, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Posted on May 1, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။