အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 21, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၀

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်း အနုပညာဒီပလိုမာနှင့် အသိအမှတ်ပြုအနုပညာအောင်လက်မှတ်ရ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အနိမ့်ဆုံးပညာအရည်အချင်း သတ်မှတ်ချက်မှာ အခြေခံပညာအထက်တန်း Grade 12 (သို့မဟုတ်) ဒသမတန်းတက်ရောက်ခဲ့သူဖြစ်ရမည်။

ယခုအခါ မြန်မာနိုင်ငံရှိ အခြေခံပညာ(မူလတန်း၊ အလယ်တန်း)ဖြင့် ကျောင်းထွက်ထားသူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေရန် ဂီတပညာဌာနက စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယောနှင့် အဆိုဘာသာရပ်များကိုလည်းကောင်း၊ သဘင်ပညာဌာနက မြန်မာ့ရိုးရာရုပ်သေးပညာနှင့် မြန်မာ့ရိုးရာအကပညာကိုလည်းကောင်း၊ ပန်းချီပညာဌာနက အခြေခံပန်းချီပညာ၊ ခဲပန်းချီနှင့် ရေဆေးပန်းချီရေးဆွဲနည်းကိုလည်းကောင်း၊ ပန်းပုပညာဌာနက အခြေခံပန်းပုပညာ၊ မြန်မာ့ရိုးရာပန်းပုနှင့် ပန်းပုပုံဖော်နည်းပညာကိုလည်းကောင်း သင်ကြားပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံ၍ သတ်မှတ် ကာလပြီးမြောက်ပါက အသိအမှတ်ပြု အနုပညာအောင်လက်မှတ် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

လျှောက်ထားနိုင်

အဆိုပါသင်တန်းများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သင်တန်းရေးရာဌာန ဖုန်း-၀၉-၄၂၁၀၁၂၈၀၈၊ ၀၉-၇၈၈၁၈၉၁၈၀၊ ၀၉-၂၅၀၀၈၈၂၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။