အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာပြန့်ပွား အမျိုးသားရေးစိတ်ဓာတ်ထက်သန်မြင့်မား

အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာပြန့်ပွား အမျိုးသားရေးစိတ်ဓာတ်ထက်သန်မြင့်မား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 17, 2025
image_latest


သမိုင်းစဉ်တစ်လျှောက်ကို လေ့လာကြည့်မည်ဆိုပါက ကမ္ဘာ့နိုင်ငံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်  ရေရှည်ရပ်တည်နိုင်ရေးအတွက်   စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ ကြိုးပမ်းတည်ဆောက်နေကြရာတွင် နိုင်ငံ၏ ဘက်စုံအကျိုးစီးပွားများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်များ နိုင်ငံသားတိုင်းတွင် မရှိမဖြစ်ရှိနေကြရန် အထူးလိုအပ်သဖြင့်  အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ပြန့််ပွားရေးကို   ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

ယနေ့ကမ္ဘာ့နိုင်ငံများ၏ ဖြစ်စဉ်ဖြစ်ရပ်များကို ကြည့်မည်ဆိုပါက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအများစုသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကို ဦးစားပေးဖော်ဆောင်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်ခိုင်ကျည်မြင့်မားပါမှ မိမိတို့၏ အမျိုးသားအကျိုးစီးပွားများကို ထိန်းသိမ်းမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။ ယင်းအချက်ကို တွေးတောဆင်ခြင်မိကြသည့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတိုင်းသည် အမျိုးသားရေး၊ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးဖော်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းတစ်ရာကျော် တည်တံ့ဖြစ်ထွန်းခဲ့သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးသည် ဘာသာ၊ စာပေနှင့်ပတ်သက်၍ အစဉ်အလာမပျက်  ဆက်လက်ပံ့ပိုးလျက်ရှိသကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မြန်မာစာပေနှင့် ကိုယ်ပိုင်ဘာသာစကားများ ရှိပြီးသားထက် ဆက်လက်တိုးတက်မြင့်မားလာစေရန် ဘက်စုံထောင့်စုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ မြန်မာစာပေ၊ မြန်မာဘာသာစကားသည် နှစ်ပေါင်းရှည်ကြာ သမိုင်းအထောက်အထားခိုင်မာစွာဖြင့် တည်တံ့ထွန်းကားနေဆဲဖြစ်သည်။ မြန်မာစာ၊ မြန်မာစကားသည် မြန်မာတို့၏ အမျိုးသားရေးခွန်အားများဖြစ်သည်။

မြန်မာစကား၏တန်ဖိုးကို  မိမိမွေးရပ်ဇာတိတိုင်းပြည်မဟုတ်သည့်   နိုင်ငံရပ်ခြားတိုင်းပြည်ဒေသတစ်ခုသို့ ရောက်ရှိသည့်အခါမှသာ ပိုမိုနားလည်သိရှိကြသည်။ နိုင်ငံရပ်ခြားတွင် မြန်မာစကား၊ မြန်မာစာပေ ပြောခွင့်၊ သိခွင့်ရလိုက်သည့် အခြေအနေသည် မွေးရပ်မြေခြားရောက်သူများအတွက် တန်ဖိုးကြီးမားလှသည်။ ထိုအခါ မိမိတို့၏ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေသည် မည်မျှလေးနက်သည်ကို သိလာကြသည်။ ဤမြေတွင်မွေး၊ ဤမြေတွင် ကြီးပြင်းသူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်စာပေနှင့် ဘာသာစကားကို တန်ဖိုးထားကြရန်လိုသည်။  ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်  ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာပေများ ပျောက်ဆုံးမှုကြောင့် တိုင်းပြည်ပါ ပျောက်သည်အထိ ဖြစ်ခဲ့ရသည့် သက်သေသာဓကများရှိသည်။

ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့သည် ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာများ၊ မျိုးချစ်စိတ်ဓာတ်များဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ခိုင်မာမှု၊ လျော့နည်းမှုတို့အပေါ်မူတည်ပြီး နိုင်ငံ၏ ဆူကြုံနိမ့်မြင့်အခြေအနေအမျိုးမျိုးကို  ဖြတ်သန်းကြရသည်။ ကောင်းမွေ၊ ဆိုးမွေအသွယ်သွယ်တို့ဖြင့် နိုင်ငံ့ခရီးလမ်းကို လျှောက်လှမ်းကြရသည်။ ကြုံတွေ့ခဲ့ရသည့် အခြေအနေအမျိုးမျိုးတို့သည် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့အပေါ်တွင် မူတည်သည်။ ဖြစ်ပေါ်ခဲ့သော အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်အတက်အကျတို့အပေါ် သင်ခန်းစာယူပြီး စည်းလုံးညီညွတ်သော နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ တိုင်းပြည်၏ ပကတိလိုအပ်ချက်သည် ခိုင်မာအားကောင်းသည့် စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်ဖြစ်သည်ကို သတိချပ်ရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေကို တန်ဖိုးထားသည့် စိတ်ဓာတ်များ လျော့နည်းလာသဖြင့် နိုင်ငံစည်းလုံးညီညွတ်မှု အားလျော့လာသည်ကို တွေ့ရမည်ဖြစ်သည်။ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို တန်ဖိုးထားလေးစားသည့် စိတ်ဓာတ်များကို ပြန်လည်မြှင့်တင်ပြီး မျိုးချစ်စိတ်ဓာတ်များ ထက်သန်မြင့်မားလာအောင် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလကချမှတ်ခဲ့သည့် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို အားပေးပါ”ဟူသည့် ရည်ရွယ်ချက်သည် ယနေ့ထက်တိုင် အသက်ဝင်နေဆဲဖြစ်သည်။ အဆိုပါရည်ရွယ်ချက်သည် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းဆက်လက်ဆောင်ရွက်နေရမည့် သမိုင်းပေးတာဝန်ဖြစ်သည်။

အဆိုပါတာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တစ်တပ်တစ်အား ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း   အမျိုးကိုချစ်သည့်စိတ်၊  ဘာသာကို လေးစားသည့်စိတ်၊  သာသနာကို ထိန်းသိမ်းစောင့်ရှောက်လိုသည့်စိတ်၊  ပညာကို မြှင့်တင်ဆောင်ရွက်လိုသည့် စိတ်ဓာတ်၊ ခံယူချက်များဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် ကိုယ်စီကိုယ်စီ တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။         ။


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Posted on Nov 14, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Posted on Nov 13, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Posted on Nov 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

HOT NEWS
January 4,