အမှားနည်းနည်းနဲ့ အမှတ်အများဆုံးရအောင်ကြိုးစားပြီး ဆုတံဆိပ်တစ်ခုခုရရှိအောင် ယှဉ်ပြိုင်ခဲ့ပါမယ်
အမှားနည်းနည်းနဲ့ အမှတ်အများဆုံးရအောင်ကြိုးစားပြီး ဆုတံဆိပ်တစ်ခုခုရရှိအောင် ယှဉ်ပြိုင်ခဲ့ပါမယ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 12, 2025
ရန်ကုန် ဒီဇင်ဘာ ၁၁
(၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသားဘော်လီဘော၊ လက်ဝှေ့ ၊ မွေ၊ မြားပစ်၊ ဝူရှူး၊ ပန်ကြပ်ဆီလပ်၊ E Sports အားကစား သမားများသည် ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ လည်းကောင်း၊ အလေးမ အားကစားသမားများ သည် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့သို့လည်းကောင်း သက်ဆိုင်ရာ အုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိရေးကြိုးပမ်းကာ ပါဝင်ယှဉ်ပြိုင်သွားကြမည့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ပါသည်။
ချမ်းငြိမ်းဇော် ဘော်လီဘောအားကစားသမား
ကျွန်တော်က ၂၀၂၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲကတည်းက ဘော် လီဘောအားကစား လက်ရွေးစင် ဖြစ်ခဲ့တာပါ။ အခုပြိုင်ပွဲနဲ့ဆို လက်ရွေးစင်ဖြစ်တာ နှစ်ကြိမ်တိုင်ခဲ့ပါပြီ။ အခုဆီးဂိမ်းပြိုင်ပွဲအတွက် ခြောက်လလောက် လေ့ကျင့်ထားပါတယ်။ ဖိလစ်ပိုင်အသင်းနဲ့ အင်ဒိုနီးရှားအသင်းရဲ့ ကစားပုံတွေကို လေ့လာထားပါတယ်။ ပြိုင်ပွဲအုပ်စုနည်းနည်းကျပ်ပေမယ့် အားလုံးစုစုစည်းစည်းနဲ့ အစွမ်းကုန်ကြိုးစားပြီး ပြိုင်ဘက်အသင်းတွေကိုဖြတ်ကျော်ခဲ့မယ်။ အမှားနည်းနည်းနဲ့ အမှတ်အများဆုံးရအောင်ကြိုးစားပြီး ဆုတံဆိပ်တစ်ခုခုရရှိအောင်ယှဉ်ပြိုင်ခဲ့ပါမယ်။
စူပါရေချမ်း မွေအားကစားသမား
ကျွန်တော့် ဝါသနာအရ အပြင် ဝိုင်းတွေမှာ ယှဉ်ပြိုင်ကတည်းက မွေအားကစားနည်းနဲ့ ယှဉ်ပြိုင်ထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်က ကျွန်တော့်ကို အတွေ့အကြုံရှိလို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခုဆီးဂိမ်းအတွက် သုံးနှစ်လောက် ပြင်ဆင်ကြိုးစားထားပါတယ်။ ကျွန်တော်နဲ့ အဓိကပြိုင်ဘက်က ထိုင်းအသင်းပါ။ သူတို့ရဲ့ ဟာကွက်၊ ယိုပေါက်တွေရှာပြီး အထူး ကြိုးစား ယှဉ်ပြိုင်ပြီးတော့ နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ဆုတံဆိပ်တစ်ခုခုရယူခဲ့ပါမယ်။
ချယ်ရီသန်း ဝူရှူးအားကစားသမား
ပြိုင်ပွဲဝင်ဖို့အတွက် ၂၀၂၃၊ ၂၀၂၄ ခုနှစ် ကတည်းကစပြီးလေ့ကျင့်ခဲ့တာပါ။ လေ့ကျင့်မှုအပိုင်းမှာ ပထမကမြန်မာနည်းပြ၊ နောက်ပိုင်း တရုတ်နည်းပြနဲ့ တစ်လခွဲခန့်လာပြီး လေ့ကျင့်ပေးပါတယ်။ လေ့ကျင့်သားကပြည့်ဝနေပါပြီ။ ပြိုင်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မတို့အမြင့်ဆုံးအထိ မှန်းထားပါတယ်။ ရွှေတံဆိပ်ယူပြီး ပြန်လာခဲ့ပါမယ်။
ဝေမင်းရှိန် E Sports အားကစားသမား
E Sports က ဘောလုံးကန်တဲ့ကစားနည်းပါ။ ဖေ့စ်ဘုတ်မှာ E Sports ပြိုင်ပွဲရှိတယ်ဆိုတာ တွေ့ပါတယ်။ အဲဒီကနေနိုင်တဲ့သူက ကွာလဖိုင်းဖြစ်သွားရင် ဆီးဂိမ်းကို ဝင်ပြိုင်ရမယ်ဆိုတာ သိခဲ့တယ်။ ကျွန်တော်တို့ဆော့တဲ့ ဂိမ်းနဲ့ နည်းနည်းကွဲလွဲမှုတွေရှိတယ်။ ဒါပေမဲ့ ကြိုးစားကြည့်မယ်ဆိုပြီး ဝင်ပြိုင်ဖြစ်တာပါ။ အခုတော့ နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ရခဲ့ပြီ။ အတတ်နိုင်ဆုံး ကြိုးစားပြီးယှဉ်ပြိုင်မှာပါ။ ကြိုးစားပြီး ဆုတွေယူလာခဲ့မှာပါ။
ဦးတင်ငွေ ဘော်လီဘောအမျိုးသားအသင်း အုပ်ချုပ်သူ
အမျိုးသားဘော်လီဘောအသင်းကို လွန်ခဲ့တဲ့ခြောက်လကတည်းက အကောင်းဆုံးကစားသမားတွေကို ရွေးချယ်လေ့ကျင့်ခဲ့တယ်။ အခုပြိုင်ပွဲကို အုပ်ချုပ်သူတစ်ဦး၊ နည်းပြ နှစ်ဦး၊ အားကစားသမား ၁၂ ဦးနဲ့ သွားရောက်ယှဉ်ပြိုင်မှာပါ။ ပြိုင်ပွဲက ၁၃ ရက်မှာ စတင်ယှဉ် ပြိုင်မှာပါ။ အားကစားသမားတွေက ပြိုင်ပွဲနဲ့တူတဲ့ အားကစားပုံစံမျိုးနဲ့ ပြင်းပြင်းထန်ထန် စုစုစည်းစည်းလေ့ကျင့်ထားပါတယ်။ ထိုင်းနိုင်ငံက အားကစားသမားနဲ့အတူ လက်ရည်စမ်းပွဲတစ်ပွဲကစားခဲ့ပါတယ်။ ပြိုင်ပွဲမှာ အုပ်စုအကျပ်အတည်းထဲ ရောက်နေ ပေမယ့် ပြိုင်ဘက်အသင်းဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတို့ကို အကောင်းဆုံးဖြတ်ကျော်ပြီး ယှဉ်ပြိုင်ကြိုးစားခဲ့ပါမယ်။
ဦးကျော်ဇင်ဦး မွေအားကစားအဖွဲ့အုပ်ချုပ်သူ
အခု ဆီးဂိမ်းပြိုင်ပွဲအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးက အားကစားသမားတွေထဲက အကောင်းဆုံးကစားသမားတွေကို အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။ စခန်းသွင်း လေ့ကျင့်သင်ကြား ပေးခဲ့တယ်။ အားကစားသမားတွေက ကျားကိုးဦး၊ မ ငါးဦးက ဝိတ်တန်းအလိုက်ယှဉ်ပြိုင်ရမယ်။ မွေအဖွဲ့ချုပ်အနေနဲ့ အကောင်းဆုံး အုပ်ချုပ်သူ၊ နည်းပြ၊ အားကစား သမားတွေနဲ့ စနစ်တကျဖွဲ့စည်းထားပြီး ရွှေတံဆိပ်ဆုရဖို့ မျှော်မှန်း ထားပါတယ်။ ရအောင်လည်း အစွမ်းကုန် ယှဉ်ပြိုင်ကြိုးစားခဲ့ ပါမယ်။
ဒေါ်ဆွေဆွေသန်း ဝူရှူးအားကစားအဖွဲ့ အုပ်ချုပ်သူ
အားကစားသမားတွေက အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ငါးဦး၊ အုပ်ချုပ်သူနည်းပြလေးဦးနဲ့ သွားရောက်ယှဉ်ပြိုင်မှာပါ။ ထောက်လွှတ်၊ ဆန့်လွှတ်အားကစားနှစ်မျိုး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဆန့်လွှတ်အားကစားနည်းက အမျိုးသားနှစ်တန်း၊ အမျိုးသမီးနှစ်တန်း၊ ထောက်လွှတ် အားကစားမှာက အမျိုးသား ငါးတန်း၊ အမျိုးသမီး သုံး တန်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ပြိုင်ပွဲက ၁၃ ရက်ကနေ ၁၅ ရက်အထိ၊ (၃၂) ကြိမ်တုန်းကတော့ ဝူရှူးအားကစားနည်းနဲ့ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။ အခု (၃၃) ကြိမ်မှာလည်း ရွှေတံဆိပ်ဆုကို ရရမယ်ဆိုတဲ့စိတ်နဲ့သွား ရောက်ယှဉ်ပြိုင်ကြမှာပါ။
ဇော်မင်းလတ်၊ သီဟ
ချမ်းငြိမ်းဇော် (ဘော်လီဘောအားကစားသမား)
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Dec 12, 2025၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
