အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 29, 2026
image_latest


ရန်ကုန် ဧပြီ ၂၈

အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၅) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်နှင့် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းသား သင်တန်းသူများသည် ပြန်တမ်းဝင် အရာရှိဖြစ်လာရန် အဆင့်ဆင့်ကိုကျော်ဖြတ်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီး၌ လစ်လပ်နေသည့် စတင်ခန့်ရာထူးနေရာများအတွက် ရွေးချယ်ခံခဲ့ကြရသူများဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဖြင့် လုပ်ငန်းတာဝန် ထမ်းဆောင်လိုသူများဖြစ်လာရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အစိုးရသစ်က အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စီမံကိန်းများအပေါ် မိမိတို့ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းများကို ထဲထဲဝင်ဝင် သိရှိအောင်လေ့လာပြီး လုပ်ငန်းများအောင်မြင်ရေး ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ပါဝင်ထမ်းဆောင်ရန်လိုကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ဝန်ထမ်းတိုင်းလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန်၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်၊ နိုင်ငံ့ဝန်ထမ်း သစ္စာ အဓိဋ္ဌာန်ခြောက်ချက်ကို အလေးထားပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀) ကိုလိုက်နာရန်၊ သင်တန်းမှရရှိသည့် သင်ကြားပေးသောအသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံများကို စိတ်ပါဝင်စားစွာ သင်ယူမှတ်သား လေ့လာသွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ် (၁၅) သို့ သင်တန်းသား ၅၂ ဦး၊ သင်တန်းသူ ၉၈ ဦး စုစုပေါင်း ၁၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၇ ရက်မှ ဩဂုတ် ၁၄ ရက်အထိ ဖြစ်သည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်၏ ၂၀၂၆-၂၀၂၇ လေ့ကျင့်ရေးနှစ်အတွင်း သင်တန်းများဖွင့်လှစ်ရန် စာသင်ဆောင်၊ အိပ်ဆောင်များ ပြင်ဆင်ထားရှိမှု၊ ရွှေရတုပြခန်း၊ တက္ကသိုလ်စာကြည့်တိုက်၊ မွေးမြူရေးလုပ်ငန်းတွင် ဥစားကြက်မွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ရာသီသီးနှံစိုက်ခင်း၊ တစ်သျှူး ငှက်ပျောပင်စိုက်ခင်း၊ ဌာနအလိုက် စိုက်ခင်းနှင့် တက္ကသိုလ်ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ လေ့ကျင့်သင်ကြားရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များကိုမှာကြားပြီး တက္ကသိုလ်တွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားကာ အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၅) မှ သဇင်ဆောင်ရှိ သင်တန်းသူများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Apr 28, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Posted on Apr 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Posted on Apr 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Posted on Apr 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။