အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူမိသားစုဝင် ကျောင်းသား ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူမိသားစုဝင် ကျောင်းသား ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 21, 2026
image_latest


နေပြည်တော် ဧပြီ ၂၀

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူမိသားစုဝင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးနေမျိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

စာရေးကိရိယာပေးအပ်

ဦးစွာ ဒုတိယတိုင်းမှူးက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မော်လမြိုင်မြို့နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ ကျောင်းသား ကျောင်းသူများ၏ ၃၈ ဖြာ မင်္ဂလာတရားတော်များနှင့် ပြည်သူ့နီတိတို့မှ မင်္ဂလာတရားတော်များကို တေးသရုပ်ဖော်ကပြမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် သင်တန်းသားကျောင်းသား ကျောင်းသူ များအတွက် စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသူများနှင့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား သင်တန်းသူ ၅၀ ဖြင့်လည်းကောင်း၊ ကွန်ပျူတာသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၇ ဦးဖြင့် လည်းကောင်း၊ အင်္ဂလိပ်စာသင်တန်းကို သင်တန်းသား သင်တန်းသူ ၃၄ ဦးဖြင့်လည်းကောင်း ဧပြီ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026