အလုပ်သမားဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
အလုပ်သမားဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 17, 2025

နေပြည်တော် ဇွန် ၁၆
အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/အဖွဲ့ ရုံးများမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီး ဌာန၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ငလျင်ဒဏ်သင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူ၊ ပျောက်ဆုံးနေသူနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့သဖြင့် ယာယီရုံးများ ဆောက်လုပ်ခြင်း၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် BASHA ဆောက်လုပ်ခြင်း၊ Modular House တပ်ဆင်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ငလျင်ဒဏ်သင့်ပြည်ထောင်စုနယ်မြေ၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ တောင်ငူ၊ ကျောက်ဆည်၊ တောင်ကြီး၊ မိတ္ထီလာမြို့များသို့ သွားရောက်၍ ဝန်ထမ်းများနှင့် မိသားစုဝင်များကို တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ ထောက်ပံ့ကြေးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းတို့အပြင် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့အခမ်းအနားတွင် နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် စိတ်ခွန်အားမြင့်မား၍ အစွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ငလျင်ဒဏ်သင့်ဝန်ထမ်း ၁၁ ဦးအား တစ်ဦးလျှင် ငွေကျပ်ငါးသိန်းနှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။