အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / September 17, 2025


နေပြည်တော် စက်တင်ဘာ ၁၆

နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန် (၁) ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာ သိုင်းနည်းပြများနှင့် ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်း သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်း တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် လုံခြုံရေးအဓိကတာဝန်ယူထမ်းဆောင်နေကြသည့် ဝန်ထမ်းများ အတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းပညာရပ်သည် ကျန်းမာရေးအရလည်း ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု ရရှိစေနိုင်သည့် အပြင် မိမိကိုယ်ကိုလုံခြုံမှု၊ လျင်မြန်ဖျတ်လတ်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမွန်မှု၊ ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်မှု၊ အပြန်အလှန်လေးစားမှုစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကိုယ်ခံ ပညာကို စနစ်တကျတတ်မြောက်ထားခြင်းဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ယုံကြည်မှုရှိရှိနှင့် ပြည့်ပြည့်ဝဝတာဝန် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာသိုင်းပညာရပ် ဆက်လက်ပြန့်ပွားနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းနည်းပြ များအား ချီးမြှင့်ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

အဆိုပါသင်တန်းသို့ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဟိုတယ်ဇုန်အတွင်းရ ဟိုတယ်များမှ လုံခြုံရေး ဝန်ထမ်းများတက်ရောက်ကြပြီး ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Source From:MyanmarAlin


၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 17, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Sep 16, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Sep 15, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Sep 12, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

Posted on Sep 17, 2025

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

မြန်မာနိုင်ငံပြန်တမ်း

Posted on Sep 17, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 16, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း