အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်း၏ (၂၀၂၅-၂၀၂၆) ခုနှစ်အတွက် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များအား လက်ခံတွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်း၏ (၂၀၂၅-၂၀၂၆) ခုနှစ်အတွက် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များအား လက်ခံတွေ့ဆုံ


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025


နေပြည်တော်၊ နိုဝင်ဘာလ (၂၅) ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး အသင်း (MTM) ၏ (၂၀၂၅-၂၀၂၆) ခုနှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် အလုပ် အမှုဆောင်များအား တွေ့ဆုံပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌဦးကျော်မင်းထင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး အပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များ ပါဝင်တက်ရောက်ကြပါသည်။

ရှေ့ဦးစွာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက (၂၀၂၅-၂၀၂၆) ခုနှစ် သက်တမ်းအတွက် တာဝန်ယူဆောင်ရွက်မည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီး အသင်းမှခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးဆိုင်ရာဆောင် ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပါ သည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းအနေဖြင့် ခရီးသွားကဏ္ဍတိုးတက်ရေး အတွက် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများ (Private Sector Reform

Strategy) နှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားတိုးတက်လာရေး (Private Sector Competitiveness Capacity) တို့တွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားဈေးကွက်ရရှိရေးမြှင့်တင်ဆောင်ရွက်ကြရာတွင်သမာရိုးကျနည်းလမ်းများအပြင် နည်းပညာ များကိုပါ ပေါင်းစပ်အသုံးပြုရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်ဒေသများအပြင် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များကိုပါ ဖော်ထုတ်မြှင့်တင်ကြရန် လိုအပ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့ခရီးသွားဈေးကွက်တွင် ဧည့်သည်များ စိတ်ဝင်စားမှုများပြားသည့် Authentic Experiences နှင့် Authentic Culture များကို အခြေခံ၍ ဆွဲဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရန် ရည်ရွယ်ပြီး မီဒီယာများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များပါဝင်သည့် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) များကိုလည်း စီမံဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ ခရီးသွားကဏ္ဍအတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ ဈေးကွက်အခြေအနေများကို လေ့လာဆန်းစစ် သုတေသနပြုမှုများ ပြုလုပ်သွားကြရန်နှင့် လုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source From:Kye Mon


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,