ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / October 23, 2025


ပုသိမ် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရခြင်းသည် မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့ယွင်းခြင်း များကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ်သိရှိနားလည်ပြီး ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းကာ မျက်စိကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာစေရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများကြောင့် အမြင်အာရုံချို့ယွင်းမှုနှင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်း ပပျောက်သွားစေရန်တို့ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းဖော်ပြချက် ကမ္ဘာပေါ်ရှိလူဦးရေ (၁)ဘီလီယံခန့်သည် အမြင်အာရုံ ထိခိုက်မှုများကို ခံစားနေကြရပြီး ၎င်းတို့အနက် အမြင်အာရုံထိခိုက်မှု၏ (၈၀)ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ ရနိုင်သည်ကိုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် မျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သောရောဂါများမှာ အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို၊ သွေးတိုးရောဂါကြောင့် ဖြစ်သောရောဂါများဖြစ်ပြီး အတွင်းတိမ်ရောဂါမှာ မျက်စိကွယ်ခြင်း အားလုံး၏ (၇၀)ရာခိုင်နှုန်း ခန့်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အတွင်းတိမ်ရောဂါ လျော့နည်းကျဆင်း စေရေးအတွက် အတွင်းတိမ် ခွဲစိတ်ခြင်းကို ဆေးရုံများတွင်သာမက ကွင်းဆင်း၍ အတွင်းတိမ်ခွဲစိတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ယခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ဆောင်ပုဒ်ကတော့ "အမြင်အာရုံကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့"“Love Your Eyes" ဖြစ်ပါကြောင်း၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်း မီစွာ ရရှိဆောင်ရွက် နိုင်စေရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်ပါကြောင်း၊ ဘဝတစ်လျှောက် အမြင်အာရုံ ချို့ယွင်းမှုမရှိစေဖို့ရာအတွက် ငယ်စဉ်ကလေးအရွယ်ကစ၍ မျက်စိကျန်းမာရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့်အတူ နှီးနွယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူအားလုံး ပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန်လိုပါကြောင်း” တိုက်တွန်း အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Oct 23, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 22, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Oct 21, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Oct 20, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 19, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Posted on Oct 18, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 21, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,