ဧရာဝတီတိုင်းဒေသကြီး သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးနှင့် အစာပြပွဲဖွင့်ပွဲခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးနှင့် အစာပြပွဲဖွင့်ပွဲခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / October 27, 2025
ပုသိမ် အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးနှင့် အစာပြပွဲဖွင့်ပွဲခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေ သည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး လူ့စွမ်းအား အရင်းအမြစ်များနှင့် ပေါင်းစပ်ဆောင်ရွက်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် ဘက်စုံထောင့်စုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက် သုတေသနများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စုစုပေါင်း လယ်စိုက်ပျိုးမြေဧရိယာ (၁၀)ရာခိုင်နှုန်းခန့် သည် ရေနက်ကွင်းများဖြစ်သဖြင့် မြေပြုပြင်သည့် လယ်စပါးစိုက်ပျိုးခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း များအား အဆိုပါရေနက်ကွင်းများကို စနစ်တကျအသုံးချ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး တိရစ္ဆာန်အစားအစာများထွက်ရှိသော တိုင်းဒေသကြီး ဖြစ်သဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွားများကို ပိုမိုတိုးချဲ့မွေးမြူဆောင်ရွက်သွားမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်ဆောင်ရွက်ခြင်းဖြင့် ပြည်ပသို့ ပို့ကုန်များ တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိအောင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နို့စားနွား မွေးမြူခြင်းကို မိရိုးဖလာတစ်ပိုင်တစ်နိုင် မွေးမြူခြင်းသာမက စီးပွားဖြစ်မွေးမြူရေးအဖြစ် ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုပါကြောင်း၊ မွေးမြူရေးဇုန်များဖော်ထုတ်ခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နို့စားနွား၊ နို့စားကျွဲ မွေးမြူရေးလုပ်ငန်းကိုလည်း တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးစာတမ်းဖတ်ပွဲကိုပြုလုပ်ခြင်းသည် တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက မိတ်ဆက်တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးများနှင့် တိရစ္ဆာန်အစာပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 26, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Posted on Oct 24, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Posted on Oct 23, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 22, 2025
အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
Posted on Sep 19, 2025အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Posted on Oct 27, 2025တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
