ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / January 28, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ပုသိမ်-ဟင်္သာတကားလမ်း မိုင်တိုင်အမှတ် ၀ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်တုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပုသိမ်မြို့မှ ဟင်္သာတမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ သန့်ဇင်(၃၃)နှစ် မောင်းနှင်လာသည့် YGN-12/5E-XXXX LIGHT TRUCK မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ညောင်တုန်းမြို့နယ်၊ အောက်စုကျေးရွာနေ စိန်ဝင်းလှိုင်(၁၆)နှစ် မောင်းနှင်ပြီး ကျီးကန်းသိုက်ကျေးရွာနေ ပိုင်သူစိုး(၂၅)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် စိန်ဝင်းလှိုင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပိုင်သူစိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် သန့်ဇင်နှင့် စိန်ဝင်းလှိုင်တို့ နှစ်ဦးအား ညောင်တုန်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Jan 27, 2026ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
Posted on Jan 27, 2026စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 23, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
