ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / April 27, 2026
ပုသိမ် ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် တိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က စက်သုံးဆီခြိုးခြံချွေတာရေး၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ စိုက်ပျိုးရေးတိုင်းဒေသကြီး ဖြစ်သည့်အတွက် တောင်သူများစက်သုံးဆီလုံလောက်စွာရရှိရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်သူများစက်သုံးဆီဝယ်ယူရရှိရေး၊ စက်သုံးဆီ အရောင်းဆိုင်များတွင် QR Code၊ Bar Code၊ စုံ/မ စနစ်များဖြင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “စက်သုံးဆီရရှိရေးကိစ္စသည် အရေးကြီးပါကြောင်းနှင့် တောင်သူများစက်သုံးဆီ လုံလောက်စွာရရှိရန် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက စီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ တောင်သူများလက်ဝယ်အရောက် စက်သုံးဆီများ ရရှိရေးဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းကိုလည်း လက်ရှိစိုက်ပျိုးသည့် အခြေအနေထက် ပိုမိုတိုးချဲ့စိုက်ပျိုးရန် လိုအပ်မည့်အပြင် မြို့နယ်အလိုက်နေကြာစိုက်ပျိုးရေးကြီးကြပ်အဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက် သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ရရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် သစ်ရွက်သစ်ဆွေးမြေဩဇာ၊ အီးအမ်ဘိုကာရှီများ ထည့်သွင်းအသုံးပြုခြင်းများကိုလည်း ဆောင်ရွက်သွားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ အစိုးရ၏ ရက်ပေါင်း (၁၀၀)စီမံချက်ကို အကောင်အထည်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိုးရာသီကိုရောက်ရှိတော့မည်ဖြစ်၍ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ တာတမံများကြံ့ခိုင်ရေးကိုလည်း စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်ကဏ္ဍ MSME လုပ်ငန်းများကိုလည်း မိမိမြို့နယ်များတွင် နိုင်ငံခြားသို့ တင်ပို့နိုင်သည်အထိ ထုတ်ကုန်အမယ်သစ်များ တီထွင်ကြိုးစားထုတ်လုပ်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များစုဆောင်း ထားရှိမှုနှင့် အချိန်မီစိုက်ပျိုးနိုင်ရေး၊ လမ်းဘေးဝဲယာများနှင့် ရနိုင်သည့်မြေနေရာများတွင် ကျွန်းပင်များတအုပ်တမစိုက်ပျိုးနိုင်ရေးကိုလည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြစ်သဲကျောက် ထုတ်လုပ်ခြင်းများကိုလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ သတ်မှတ်နေရာများတွင်သာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ရေး ကိုလည်း ကြပ်မတ်ဆောင်ရွက်ကြရန်လည်းလိုအပ်မည် ဖြစ်ပါ ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက နိုင်ငံတော်၏မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်ခံရသည့် ရွေးကောက်ခံကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ဒေသအကျိုးပြုလုပ်ငန်းများနှင့် ပြည်သူ့အကျိုးစီးပွား လုပ်ငန်းများဖော်ဆောင်နိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေးကိစ္စပ်ရပ်များကို ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများအား ရှင်းလင်းပြောကြားပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Posted on Apr 27, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
