ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ် (၁၄) ရှိ သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ

ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ် (၁၄) ရှိ သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 30, 2026
image_latest


နေပြည်တော် ဧပြီ ၂၉

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာစီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်ပမှ စွမ်းအင်သွင်းကုန်များ လျှော့ချပြီး ပြည်တွင်းစွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးဆိုင်ရာကိစ္စရပ်များကို ရေတို/ ရေရှည်အစီအမံများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းတွင် ရေနံထွက်ပစ္စည်းများကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန် ခေတ်မီရေနံချက်စက်ရုံအသစ် တည်ဆောက်ခြင်း၊ ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးလုပ်ငန်းများ ဆောင်ရွက်စေခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ကုန်းတွင်းရေနံမြေများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၄ မှ ပါးလွှာသဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ ယမန်နေ့တွင် သဘာဝဓာတ်ငွေ့ ကုဗပေ နှစ်သန်းခန့် ထုတ်လုပ်နိုင်ခဲ့သည်။ လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များအား ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဖြန့်ဖြူးပေးလျက်ရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အဖျောက်၊ မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများတွင် ပါးလွှာသဲကြောများကို သုတေသနပြုဆန်းစစ်ပြီး ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ CNG သုံး မော်တော်ယာဉ်များ၊ ဓာတ်မြေဩဇာစက်ရုံများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍတို့တွင် ဖြန့်ဖြူးသုံးစွဲလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Apr 28, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း

Posted on Apr 29, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း

Posted on Apr 29, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Posted on Apr 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း