ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသိပ္ပံ(ပုသိမ်)၏ ဒသမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသိပ္ပံ(ပုသိမ်)၏ ဒသမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / June 03, 2026
ပုသိမ် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် သူနာပြုသိပ္ပံ(ပုသိမ်)၏ ဒသမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/ သင်တန်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်“ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်အတွက် အားထားရမည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် အတွက် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ ကျောင်း(၃)ကျောင်းရှိပြီး နှစ်စဉ် သူနာပြုသစ်လွင်များ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် သူနာပြုသိပ္ပံ (ပုသိမ်)မှ သစ်လွင်သူနာပြု(၆၁)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သူနာပြု-သားဖွား ဆရာမများအပါအဝင် ကျန်းမာရေး ဝန်ထမ်းများအားလုံးသည် ဆေးရုံကြီးများတွင်သာမက ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေး အသိပညာ များဖြန့်ဝေပေးခြင်း လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြရသူများလည်း ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကျသည့် နေရာဒေသတွင်လည်း ပြည်သူများအပေါ် စေတနာအရင်းခံထားပြီး နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးကြရန်လိုပါကြောင်း၊ ပြည်သူကိုဗဟိုပြုသော ကျန်းမာရေး စနစ်ကို အောင်မြင်အောင်ဖော်ဆောင်ရန် သူနာပြု-သားဖွားများက အရေးကြီးသကဲ့သို့ သူနာပြု-သားဖွားများကိုယ်တိုင် အရည်အသွေးပြည့်မီအောင်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက် ထူးချွန်အောင် သင်ယူလေ့ကျင့်ကြရန်လိုပါကြောင်း”ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်
Posted on Jun 2, 2026၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Jun 1, 2026အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Website လိပ်စာ ပြောင်းလဲလွှင့်တင်ပြီးဖြစ်ကြောင်း အသိပေးခြင်း
Posted on Jun 2, 2026
