၂၀၂၆ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 25, 2026
image_latest


နေပြည်တော် မတ် ၂၄

၂၀၂၆ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက မတ် ၂၄ ရက်ကို ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်အထိမ်း အမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါအဖြစ် အများဆုံး နိုင်ငံ ၃၀ တွင်ပါဝင်ပြီး WHO South East Asia Region တွင် ဒုတိယမြောက် တီဘီလူနာသစ် ဖြစ်ပွားမှုအများ ဆုံးနိုင်ငံဖြစ်သဖြင့် တီဘီလူနာ ရှာဖွေကုသခြင်းကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို National TB Strategic Plan များ ရေးဆွဲပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

တီဘီရောဂါရှာဖွေရေးလုပ်ငန်းများတွင် (Double X Strategy) ကို ကျင့်သုံးလျက်ရှိကြောင်း၊ အသက် ရှစ်နှစ်အောက်ကလေးများ၏ ဝမ်းနမူနာစစ်ဆေး၍ တီဘီပိုးရှာဖွေခြင်းနှင့် တီဘီ‌ရောဂါမဖြစ်အောင် ကာကွယ်ကုသဆေး (TPT) တိုက်ကျွေးခြင်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ တီဘီရောဂါရှာဖွေရာတွင် AI နည်းပညာ (X-ray CAD)ကို အသုံးပြု၍ ရင်ခေါင်းဓာတ်မှန်ဖတ်ခြင်းအပြင် သယ်ဆောင်ရလွယ်ကူပြီး ဘက်ထရီဖြင့် အသုံးပြုနိုင်သော Portable Truenat စက်များကိုလည်း အသုံးပြုနေပြီဖြစ်ကြောင်း၊ တီဘီရောဂါတိုက်ဖျက်‌ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲနိုင်ရန် Integrated TB e-Surveillance System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေး ဆောင်ပုဒ်ဖြစ်သည့် “တီဘီရောဂါ ကင်းဝေးဖို့ နိုင်ငံတော်က ဦးဆောင်လို့ ပြည်သူ့အားဖြင့် ဆောင်ရွက်စို့” အတိုင်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနနှင့်အတူ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံပူးပေါင်းကာ ပြည်သူတစ်ဦးချင်းစီတိုင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 25, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Mar 23, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Posted on Mar 23, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 22, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Posted on Mar 21, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Posted on Mar 20, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 24, 2026

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်

Posted on Mar 22, 2026

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ

Posted on Mar 22, 2026

၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန်ရှိသော်လည်း အနာဂတ်တွင်ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန်ဖြစ်ပါသည်။