(၁ဝ) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th MAF-RTAF Air Working Group Meeting)

(၁ဝ) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th MAF-RTAF Air Working Group Meeting)


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 06, 2025
image_latest


နေပြည်တော် ဇွန် ၆

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ လေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th MAF-RTAF Air Working Group Meeting)ကို ဇွန် ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပပြုလုပ်ရာ တပ်မတော် (လေ) မှ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းဘုရင့် လေတပ်မှ Air Marshal Anurak Romnarak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် (လေ) မှ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် ထိုင်းဘုရင့်လေတပ်မှ Air Marshal Anurak Romnarak တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး အစည်းအဝေးအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပကြသည်။ ထို့နောက် (၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ လေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th MAF-RTAF Air Working Group Meeting)၏ အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုလက်မှတ်ရေးထိုးကြသည်။ ဆက်လက်၍ နှစ်နိုင်ငံလေတပ်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အထိမ်းအမှတ်လက်ဆောင်များ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြကာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်းနောက် အစည်းအဝေးပြီးမြောက်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာစားပွဲကို တည်းခိုရာ Hotel ၌ တည်ခင်းဧည့်ခံခဲ့သည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် (၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ (10th MAF-RTAF Air Working Group Meeting) Deputy Chief Of The Air Staff(Operation) Air Marshal Anurak Romnarak ဦးဆောင်သော ၉ ဦးပါ ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇွန် ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တပ်မတော် (လေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ လာရောက်စဉ်ကာလအတွင်း ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်ဘုရား၊ ဆူးလေဘုရားနှင့် ကမ္ဘာအေးဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ဝန်ကြီးများရုံးသို့ သွားရောက်လေ့လာလည်ပတ်၍ ရန်ကုန်မြို့အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇွန် ၆ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

Posted on Jun 6, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

HOT NEWS
January 4,