(၁၀၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် သီးနှံအထွက်နှုန်းအား မထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်မည့် နည်းလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေး
(၁၀၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် သီးနှံအထွက်နှုန်းအား မထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်မည့် နည်းလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 15, 2026
နေပြည်တော် မေ ၁၄
(၁၀၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ ပညာရှင်များက “သီးနှံ အထွက်နှုန်းအား မထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်မည့် နည်းလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာနီနီတင့်က ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ တွဲဖက်အသုံးပြုနည်း၊ စပါးသီးနှံတွင် အရွက်အရောင်တိုင်းကတ်အသုံးပြု၍ ယူရီးယားကျွေးနည်း၊ ယူရီးယားကို အကြိမ်များစွာခွဲကျွေးခြင်းဖြင့် ဆုံးရှုံးမှုလျှော့ချနည်း၊ ယူရီးယားနှင့် ဘိုရွန်ရွက်ဖျန်းမြေဩဇာရည် အသုံးပြုနည်း၊ သစ်စိမ်းမြေဩဇာနှင့် ဇီဝမြေဩဇာများ အသုံးပြုနည်း၊ သီးနှံအလှည့်ကျ စိုက်ပျိုးနည်း၊ စိုတစ်ခါခြောက်တစ်လှည့် ရေသွင်းစနစ်ကျင့်သုံးနည်းများကို ဆွေးနွေးတင်ပြရာ တောင်သူများက စိတ်ပါဝင်စားစွာ ဝိုင်းဝန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
