(၃၅) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်

(၃၅) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 11, 2026
image_latest


နေပြည်တော် မတ် ၁၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံကကြီးမှူး၍ ၂၀၂၆ ခုနှစ် မတ် ၃ ရက်မှ ၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ Makati မြို့၌ ကျင်းပခဲ့သည့် (၃၅) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (The 35th Meeting of the ASEAN Socio-Cultural Comm-unity (ASCC) Council) သို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အဓိကရည်ရွယ်၍ အာဆီယံပြည်သူများအား လုပ်ပိုင်ခွင့်တာဝန်ပေး၍ စုပေါင်းတာဝန်ရှိမှုကို ဦးစားပေး ကဏ္ဍအဖြစ် ဆောင်ရွက်ရာတွင် အပြုသဘောဆောင်သည့် အားလုံးအတွက် အကျိုးရှိမည့် ဖွံ့ဖြိုးတိုးတက်မှု ကြံ့ကြံ့ခံမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို ဆောင်ရွက်ရေး၊ ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး စွမ်းဆောင်ရည်ရှိသည့် အာဆီယံ၏ မိသားစုဝင်များဖြစ်လာအောင် ဦးစားပေးဆောင်ရွက်ရေး၊ ခိုင်မာသည့် လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် ကူညီပံ့ပိုးမှုစနစ်များရရှိရေး၊ ‘အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု’ (Inclusive Develo-pment) ကို တစိုက်မတ်မတ် အလေးအနက်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ထူးချွန်ထက်မြက်ပြီး တီထွင်ဆန်းသစ်မှုရှိသည့် လူငယ်များ (Smart Youth and Innovation) ကို မွေးထုတ်ပေးရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် အနာဂတ်တွင် လုံခြုံစိတ်ချရသည့် အစားအသောက်များ ရရှိရေးတို့အတွက် ဦးစားပေးလုပ်ငန်းစဉ်များ သတ်မှတ်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

မတ် ၃ ရက်တွင် ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ Makati မြို့သို့ရောက်ရှိပြီး Peninsula Manila Hotel ၌ ကျင်းပပြုလုပ်သည့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အလုပ်သဘောညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။

မတ် ၄ ရက်တွင် ဒုတိယဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံက လက်ခံကျင်းပသည့် အာဆီယံ လူမှု- ယဉ်ကျေးမှု အသိုက်အဝန်း အဆင့်မြင့်ဖိုရမ် (၂၀၂၆) (ASEAN Socio-Cultural Community High-Level Forum 2026) သို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဖိုရမ်တွင် Panel နှစ်ခုဖြင့် ဆွေးနွေးမှုများပါဝင်ရာ ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံ ကိုယ်စားပြုဆွေးနွေးသူအဖြစ် “ယဉ်ကျေးမှု၊ စံတန်ဖိုးထားမှုများနှင့် လူမှုသဟဇာတဖြစ်မှုသည် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အာဆီယံ၏ လူမှုပေါင်းစည်း ယှက်နွှယ်မှုကို ခိုင်မာ စေခြင်း” ခေါင်းစဉ် (Culture, Values, and Social Harmony: Strengthening ASEAN's Social Fabric through Cross - Sectoral engagement) ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ကြေညာချက်ကို အခြားအာဆီယံနိုင်ငံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ဝန်ကြီးများနှင့်အတူ လက်ခံခဲ့သည်။

ညနေပိုင်းတွင် အာဆီယံအလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးက တည်ခင်းသည့်ကြိုဆိုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

မတ် ၅ ရက်တွင် ဒုတိယဝန်ကြီးသည် (၃၅) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (The 35th Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ပြီး အာဆီယံလူမှု- ယဉ်ကျေးမှု အသိုက်အဝန်း၏ မဟာဗျူဟာ လားရာနှင့်စပ်လျဉ်း၍ နိုင်ငံအလိုက် အမြင်သဘောထားများကို ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံ၏ အမြင်သဘောထားများကို ဆွေးနွေးပြောကြားခဲ့သည်။

ညနေပိုင်းတွင် National Museum of Natural History ၌ အာဆီယံအလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးက တည်ခင်းသည့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ညစာစားပွဲအပြီးတွင် ဖိလစ်ပိုင်နိုင်ငံ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဂုဏ်ပြုညစာစားပွဲမတိုင်မီ ဒုတိယဝန်ကြီးသည် National Museum of Natural History ၏ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။

မတ် ၆ ရက်တွင် ဒုတိယဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယဉ်ကျေး မှုလေ့လာရေးခရီးစဉ် (Culture Visit) အဖြစ် ယဉ်ကျေးမှုအမွေ အနှစ်နေရာများဖြစ်သည့် Fort Santiago, Rizal Park နှင့် Intramuros များသို့ သွားရောက်လေ့လာခဲ့ပြီး မတ် ၇ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

Posted on Mar 10, 2026

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း